MNL News

လူငယ်ဘောလုံးဒိုင်လူကြီး သင်တန်းဖွင့်လှစ်

May 19 , 2017

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဒိုင်ကော်မတီ၊ ဒိုင်လုပ်ငန်းဌာနတို့ပူးပေါင်း၍ မျိုးဆက်သစ်လူငယ်ဘောလုံးဒိုင်လူကြီး သင်တန်း အမှတ်စဉ် (၁/၂၀၁၇) ကို ၂၀၁၇ ခုနှစ် မေ ၁၉ ရက်မှ ၂၅ ရက်အထိ ဖွင့်လှစ်သွားမည် ဖြစ်သည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားကို မေ ၁၉ ရက် မွန်းလွဲ ၂နာရီတွင် ရန်ကုန်မြို့ လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏအားကစားရုံ(YTC)သင်တန်းခန်းမ၌ ကျင်းပသွားမည် ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ၂၀၁၇ ခုနှစ်တွင် ပထမဆုံးဖွင့်လှစ်ခြင်းဖြစ်ပြီး မျိုးဆက်သစ်ဒိုင်လူကြီး ၂၀ ဦးခန့် တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီအနေဖြင့် အရည်အသွေးမြင့် ဒိုင်လူကြီးများပေါ်ထွက်လာစေရန် ယခုကဲ့သို့ မျိုးဆက်သစ်ဒိုင်လူကြီးသင်တန်းများကို မကြာခဏဖွင့်လှစ်သွားနိုင်ရန် စီစဉ် ထားကြောင်း သိရသည်။

လက်ရှိတွင် ဖီဖာအသိအမှတ်ပြု မြန်မာဒိုင်လူကြီးများ မွေးထုတ်ပေးထားနိုင်ပြီး အမျိုးသမီးဒိုင်လူကြီးများတစ်ဦးဖြစ်သည့် ဒေါ်သိန်းသိန်းအေးသည် မြန်မာနိုင်ငံ၏ ပထမဆုံးအဖြစ် အမျိုးသမီးကမ္ဘာ့ဖလား ပြိုင်ပွဲကို ကိုင်တွယ်ခဲ့သူ ဖြစ်သည်။

U Myo Thant




<< Back MNL News


Advertisement
Here