EPL News

၎ဂိုးသွင်းတဲ့ ကိန်း

May 19 , 2017

လက်ကျန်ပွဲစဉ်အဖြစ် လက်စတာနှင့် ကစားရသောပွဲတွင် စပါးတိုက်စစ်မှုး ဟယ်ရီကိန်းက ၄ဂိုးသွင်းယူနိုင်ခဲ့သည်။

ထိုပွဲစဉ်မှာ အနိုင်အရှုံးအရေးမပါတော့သော်လည်း ဧည့်သည် စပါးအသင်းက ခြေစွမ်းပြ၍ ၁-၆ဖြင့် အနိုင်ကစားခဲ့သည့်ပွဲဖြစ်ပြီး ကိန်းက ၂၅ မိနစ်၊ ၆၃ မိနစ်၊ ၈၈ မိနစ်နှင့် နာကျင်အချိန်ပို ၂ မိနစ်တို့တွင် ဂိုးများသွင်းယူခဲ့ကာ တောင်ကိုရီးယားသား ဆွန်ဟန်မင်းက ၃၆ မိနစ်နှင့် ၇၁ မိနစ်တို့တွင် ဂိုးများသွင်းယူခဲ့သည်။

စပါးအသင်းမှာ ယခုနိုင်ပွဲကြောင့် နေရာအပြောင်းအလဲမရှိခဲ့ပဲ ဒုတိယနေရာတွင်သာရှိနေကာ ၃၇ ပွဲကစား ၈၃ မှတ် ရထားပြီဖြစ်ကာ လက်စတာက ၄၃ မှတ်ဖြင့် အဆင့် ၁၁ တွင် ရှိနေသည်။

ကိန်းက ယခုကဲ့သို့ ၄ဂိုးသွင်းနိုင်ခဲ့ခြင်းကြောင့် ၂၀၁၆-၁၇ ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံးဆုကို ရရှိရန် ပိုမိုနီးစပ်သွားခဲ့ပြီး စုစုပေါင်း ၂၆ ဂိုးဖြင့် ဦးဆောင်နေကာ ယခင် အဆင့် ၁တွင် ရှိနေသူ အဲဗာတန်မှ လူကာလူက ၂၄ ဂိုးဖြင့် ဒုတိယနေရာသို့ ရောက်ရှိသွားပြီ ဖြစ်သည်။

စပါးအသင်းမှာ ရာသီသိမ်းပွဲစဉ်အဖြစ် တန်းဆင်းအသင်း ဟောလ်နှင့် အဝေးကွင်းပွဲ ကစားရမည်ဖြစ်ပြီး လက်စတာက အိမ်ကွင်းတွင် ဘုန်းမောက်နှင့် တွေ့ဆုံရမည် ဖြစ်သည်။

 

U Myo Thant




<< Back EPL News


Advertisement
Here