EPL News

စီးရီးအေပြောင်းချင်တဲ့ တိုရေး

May 19 , 2017

မန်စီးတီးနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီဖြစ်သော အိုင်ဗရီကို့စ်နိုင်ငံသား တိုရေးမှာ အမေရိကန်မေဂျာလိဂ်၊ တရုတ်စူပါလိဂ် တို့ထက် စီးရီးအေသို့ပြောင်းရန် ပိုမိုစိတ်အားထက်သန်နေကြောင်း သိရသည်။

နည်းပြ ဂွာဒီယိုလာကိုင်တွယ်နေသော မန်စီးတီးမှာ တိုရေးကို စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းခဲ့ခြင်းမရှိသောကြောင့် ယခု ရာသီကုန်တွင် အလွတ်ပြောင်းရွှေ့ခွင့်ဖြင့် အသင်းပြောင်းနိုင်ပြီဖြစ်သော တိုရေးမှာ သူ၏ရှေ့ရေးအတွက် စဉ်းစားနေရဆဲ ဖြစ် သည်။

တိုရေး၏ ခြေစွမ်းကို သဘောကျသောကလပ်အသင်းများက တိုရေး၏ အခြေအနေကို စောင့်ကြည့်နေကြပြီး ခေါ်ယူခွင့်အတွက် အသင့်ပြင်ဆင်နေကြသည်ဟု ဆိုသည်။

တိုရေး၏ အေးဂျင့်ဖြစ်သူကမူ တိုရေးအနေနှင့် မေဂျာလိဂ်၊ စူပါလိဂ်တို့သို့ တိုရေးပြောင်းမည်မထင်ကြောင်း ငွေကြေး ချမ်းသာသော ကလပ်ကြီးများ၏ ကမ်းလှမ်းမှုထက် မန်စီးတီးတွင် ဆက်နေခွင့်ကို ဦးစွာမျှော်လင့်နေကြောင်း၊ ထိုကဲ့သို့ မဟုတ်ခဲ့ ပါက စီးရီးအေသို့ ပြောင်းလိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အသက် ၃၄ နှစ်ရှိပြီဖြစ်သော တိုရေးကို မေဂျာလိဂ်နှင့် စူပါလိဂ်မှ ငွေကြေးပြည့်စုံသော ကလပ်များက ခေါ်ယူလိုနေသကဲ့သို့ စီးရီးအေမှ အင်တာနှင့် ရိုးမားတို့ကလည်း စိတ်ဝင်စားနေသည်ဟု ဆိုသည်။

တိုရေးမှာ ယခုရာသီတွင် ပွဲ ၃၀ ပါဝင်ကစားခွင့်ရခဲ့ပြီး ယင်းပွဲအရေအတွက်မှာ မန်စီးတီးတွင်နေခဲ့သော ၇နှစ်တာကာလအတွင်း အနည်းဆုံးပင် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here