EPL News

မန်ယူအကောင်းဆုံး ဟာရားရား

May 19 , 2017

မန်ယူအသင်းအကောင်းဆုံးဆုများပေးအပ်သည့်အခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့ရာ အကောင်းဆုံးကစားသမားဆုကို ကွင်းလယ်ကစားသမား ဟာရားရားက ရရှိခဲ့သည်။

ဆာမတ်ဘတ်စ်ဘီ ၁နှစ်တာအကောင်းဆုံး ကစားသမားဆုအတွက် မဲပေးရွေးချယ်ကြရာတွင် ဟာရားရားက အီဘရာဟင် မိုဗစ်နှင့် ဗလင်စီယာတို့ကို ကျော်ဖြတ်ကာ ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။

ကစားသမားများကပေးသော ၁နှစ်တာအကောင်းဆုံးကစားသမားဆုကိုမူ ကွင်းလယ်မှ ဗလင်စီယာက ရရှိခဲ့သည်။

၁နှစ်တာအတွက် အကောင်းဆုံးဂိုးအဖြစ် ဆန်းဒါးလန်းနှင့်ပွဲတွင် ကင်းမြီးကောက်ပုံစံနောက်ပြန်ကန်ချက်ဖြင့် ဂိုးသွင်းနိုင်ခဲ့သော အမ်ခီတာရန်၏ ဂိုးကိုသတ်မှတ်ပေးခဲ့သည်။

ယူ-၁၈ အကောင်းဆုံးကစားသမားဆုကို ဂိုမက်စ်နှင့် အရန်အသင်းအကောင်းဆုံးကစားသမားဆုကို တူအန်ဇီဘီတို့က ရရှိခဲ့ကြ သည်။

၁နှစ်တာ အကောင်းဆုံးကစားသမားဆု ၃ကြိမ်ရခဲ့ဘူးသော ဂိုးသမား ဒီဂီရာက ယခုနှစ် အကောင်းဆုံးဆုရှင် ဟာရားရားကို ဆုချီးမြှင့်ပေးခဲ့သည်။

U Myo Thant




<< Back EPL News


Advertisement
Here