EPL News

လူကာကူကို အဲဗာတန်ဆက်ထိန်းလို

May 20 , 2017

အဲဗာတန်နည်းပြ ကိုးမန်းက တိုက်စစ်မှုး လူကာကူကို လာမည့်ရာသီ၌ အသင်းတွင် ဆက်ရှိစေလိုကြောင်း ပြောဆိုလိုက်သည်။

၂၄ နှစ်သား လူကာကူ၏ မိခင်ကလပ်မှာ ချဲလ်ဆီးဖြစ်ပြီး အဲဗာတန်တွင် အငှားစာချုပ်ဖြင့် လာကစားခဲ့သည့် ယခုရာသီတွင် ပရီးမီးယားလိဂ်ဂိုး ၂၄ ဂိုး သွင်းယူပေးထားသူ ဖြစ်သည်။

လူကာကူအနေနှင့် ပူပူနွေးနွေး ပရီးမီးယားချန်ပီယံ ချဲလ်ဆီးသို့ ပြန်လိမ့်မည်ဟု သတင်းထွက်နေသော်လည်း ကိုးမန်းကမူ ထိုတိုက်စစ်မှုးကို အဲဗာတန်တွင် ဆက်ရှိရန် ကြိုးစားသွားမည်ဟု ဆိုခဲ့သည်။

ကိုးမန်းက "လူကာကူဟာ ကျနော်တို့နဲ့ ဆက်ရှိမယ်လို့ မျှော်လင်ပါတယ်။ ဘာလို့လည်းဆိုတော့ ခုအချိန်ထိ သူအသင်းပြောင်း မယ်ဆိုတာမျိုးနဲ့ ပတ်သက်လို့ တရားဝင်ပြောဆိုကြတာမျိုး မရှိသေးလို့ပါ။ ဘယ်ကလပ်ကမှလည်း သူ့ကိုခေါ်မယ်လို့ ပြောကြတာ မရှိသေးတာလည်း ပါပါတယ်။ ဘယ်သူမဆို ထိပ်တန်းဂိုးသွင်းသူ တိုက်စစ်မှုးကောင်းမျိုးကို အသင်းမှာ ဆက်ရှိစေလိုတာ သဘာဝကျပါတယ်။ ဒါပေမယ့် နောက်ရာသီ ပြန်မစခင် ဘာတွေ ဖြစ်လာဦးမယ်ဆိုတာကတော့ ဘယ်သူမှ မသိနိုင်သေးပါဘူး" ဟု ပြောဆိုခဲ့သည်။

အဲဗာတန်မှ ပရီးမီးယား ရာသီသိမ်းပွဲစဉ်အဖြစ် မနက်ဖြန်တွင် အာဆင်နယ်နှင့် အဝေးကွင်းပွဲ ကစားရမည် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here