EPL News

ရှယ်ယာဝယ်ချင်သေးသော အူစမာနော့

May 20 , 2017

ဥဇဘက်ကစ္စတန် သန်းကြွယ်သူဋ္ဌေး အူစမာနော့မှာ အာဆင်နယ်အသင်း ရှယ်ယာစုစုပေါင်း၏ ၃၀% ကို ပိုင်ဆိုင်ထား ပြီးဖြစ်သော်လည်း ထပ်မံဝယ်ယူရန် ဆန္ဒရှိနေကြောင်း သိရသည်။

အူစမာနော့မှာ ပေါင် ၁ ဘီလျံသုံး၍ အာဆင်နယ်ကို အဓိက ထိန်းချုပ်နိုင်သူဖြစ်ရန် အားထုတ်သည့်သဘောအနေနှင့် အခြား ရှယ်ယာရှင်တစ်ဦးဖြစ်သော အမေရိကန်သား ကရွန်ကဲထံမှ ရှယ်ယာများကို ၀ယ်ယူရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။

သို့သော် ကရွန်ကဲက သူ၏ရှယ်ယာများကို ထုတ်ရောင်းရန် အကြောင်းမရှိဟု ဆိုခဲ့သည်။

အာဆင်နယိအနေနှင့် နှစ်ပေါင်း ၂၀ ခန့်အတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်နှင့်  လွဲချော်မည့် အနေအထားမျိုးသို့ ရောက်ရှိနေပြီး ဆုဖလားများနှင့် ဝေးကွာနေသည့်အပြင် ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ ဆုံးရှုံးရပါက ၀င်ငွေများစွာ လျော့ကျသွား လိမ့်မည် ဖြစ်သည်။

ထိုသို့သော အခြေအနေများကြောင့် ပရိသတ်က နည်းပြ၀င်းဂါးကို အသင်းမှ ထွက်ခွာသွားရန် ဆန္ဒပြနေကြပြီး ပရီးမီးယား ချန်ပီယံဆုနှင့် ၁၀ နှစ်ကျော်ဝေးနေသည့်အပြင် ချန်ပီယံလိဂ်ဝင်ခွင့်နှင့် ကျေနပ်ရသည့်ဘမှာလည်း ပိုဆိုးသည့်အနေအထားသို့ ရောက်လာခြင်းကြောင့် လာမည့် ရာသီဝင်းဂါး ဆက်ရှိမရှိပင် မသေချာတော့ပေ။

အူစမာနော့က ကရွန်ကဲအနေနှင့် အာဆင်နယ်အပေါ် လုံလောက်သော ရင်းနှီးမြှုပ်နှံမှုများ မလုပ်ခြင်းကြောင့် အောင်မြင်မှုနှင့် ဝေးနေရခြင်းဖြစ်သည်ဟု ဝေဖန်သွားခဲ့သည်။

U Myo Thant




<< Back EPL News


Advertisement
Here