Bundesliga News

အမျိုးသမီးဒိုင်ထားမည့် ဘွန်ဒစ်လီဂါ

May 20 , 2017

ဂျာမနီပထမတန်း ဘွန်ဒစ်လီဂါပြိုင်ပွဲများ၏ လာမည့်၂၀၁၇-၁၈ ရာသီတွင် အမျိုးသမီးဒိုင်းတစ်ဦး စတင်တာဝန်ထမ်းဆောင် မည်ဟု သိရသည်။

အသက် ၃၈ နှစ်ရှပြီဖြစ်ပြီး ရဲအရာရှိတစ်ဦးဖြစ်သော မစ္စ် စတိန်းဟာမှာ ဘွန်ဒစ်လီဂါပြိုင်ပွဲများအတွက် ပထမဆုံးအမျိုးသမီး ဒိုင်တစ်ဦး ဖြစ်သည်။

သူမသည် လာမည့် ရာသီတာဝန်ထမ်းဆောင်မည့် ဒိုင်လူကြီးအသစ် ၄ဦးအမည်စာရင်းထဲတွင် ပါဝင်ခဲ့ခြင်းဖြစ်ပြီး ပရီးမီးယား လိဂ်နှင့် ကမ္ဘာ့ဖလားပွဲတို့တွင် တာဝန်ယူခဲ့ဘူးသော ကွင်းလယ်ဒိုင် ဟောင်းဝန်ဝက်ဘ်၏ တွဲဖက်တစ်ဦးဖြစ်ခဲ့ကာ ဒုတိယတန်း အဆင့်ပွဲစဉ်များတွင် ၆နှစ်ကြာ ဒိုင်လုပ်လာခဲ့သူ ဖြစ်သည်။

ဘွန်ဒစ်လီဂါ၏ ပထမဆုံးအမျိုးသမီးဒိုင် ဖြစ်လာရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် အတက်နိုင်ဆုံး အကောင်းဆုံးတာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း စတိန်းဟာက ပြောဆိုသွားခဲ့သည်။

ပရီးမီးယားဒိုင်လူကြီးဟောင်းတစ်ဦးဖြစ်သူ ဟောင်းဝပ်ဝက်ဘ်ကလည်း ပရီးမီးယားလိဂ်တွင် အမျိုးသမီးဒိုင်များမြင်တွေ့ရရန် များစွာကြာမြင့်တော့မည်မထင်ကြောင်း ပြောဆိုခဲ့သည်။

စတိန်းဟာမှာ လာမည့်ဇွန်လ ၁ရက်နေ့ ကာဒစ်တွင် ကစားမည့် လိုင်ယွန်နှင့် PSG တို့၏ အမျိုးသမီးချန်ပီယံလိဂ် နောက်ဆုံး ဗိုလ်လုပွဲတွင် ကွင်းလယ်ဒိုင်အဖြစ် ကိုင်တွယ်မည် ဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here