EPL News

အဆင့် ၄နှင့် လွဲသော အာဆင်နယ်

May 22 , 2017

ရာသီသိမ်းပွဲစဉ် ၃၈ တွင် ပြိုင်ဘက် အဲဗာတန်ကို ၃-၁ဖြင့် အနိုင်ရခဲ့သော်လည်း အဆင့် ၄ နေရာကို လီဗာပူးက ၁မှတ် အသာဖြင့် ရယူသွားခြင်းကြောင့် အာဆင်နယ်မှာ နှစ်ပေါင်း ၂၀ ခန့်အတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်နှင့် လွဲချော်သွားရပြီ ဖြစ်သည်။

အာဆင်နယ်အသင်း၏ ပရီးမီးယားချန်ပီယံဆုနှင့် ၁၀ နှစ်ကျော်ဝေးကွာနေမှု၊ အခြားဖလားများရရှိရေးမှာလည်း ထင်သလောက် မအောင်မြင်မှုများကြောင့် ပရိသတ်များက နည်းပြ ၀င်းဂါးက ယခုရာသီ FA ဖလား ဗိုလ်လုပွဲကစားပြီးမှသာ ရှေ့ရေးကို စဉ်းစား ဆုံးဖြတ်မည်ဟု ပြောဆိုခဲ့သည်။

အာဆင်နယ်အသင်းမှာ ယခုရာသီ ဖလားတစ်လုံးရယူနိုင်ရေးအတွက် အနီးစပ်ဆုံးအဖြစ် FA ဖလားပွဲတွင် နောက်ဆုံး ဗိုလ်လုပွဲအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း တွေ့ဆုံရမည့် ပူပူနွေးနွေး ပရီးမီးယားချန်ပီယံ ချဲလ်ဆီးကို ကျော်ဖြတ်ရန်မှာ လွယ်ကူမည် မဟုတ်ပေ။

ဝင်းဂါးမှာ ၁၉၉၆ တွင် အာဆင်နယ်ကို စတင်ကိုင်ခဲ့ပြီး ပရီးမီးယားဖလား ၃ခု၊ FA ဖလား ၆ခု ရရှိခဲ့သော်လည်း ပြီးခဲ့သည့် ၁၀ နှစ်အတွင်းတွင်  ကြီးမားသည့် အောင်မြင်မှုမျိုးမရှိခဲ့ပဲ ချန်ပီယံလိဂ်ဝင်ခွင့်ရနေခြင်းအပေါ်တွင်သာ သာယာကျေနပ်နေခဲ့ရသော အသင်းဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here