Serie-A News

အသည်းအသန်ကစားရမည့် ၂သင်း

May 22 , 2017

ဥရောပထိပ်တန်းလိဂ် ၄ခုအနက် ၃ခုမှာ ပွဲစဉ်များပြီးဆုံးသွားကြပြီဖြစ်သော်လည်း စီးရီးအေမှာမူ နောက်ဆုံးပွဲစဉ် ၃၈ ကစားရန် ကျန်ရှိနေသေးပြီး တန်းမဆင်းရရေးအတွက် အသင်း ၂၁ သင်းမှာ အသည်းအသန်ရုန်းကန် ကစားရဦးမည် ဖြစ်သည်။

ပွဲစဉ် ၃၇ အပြီးတွင် ဂျူဗင်တပ်က ချန်ပီယံဆုရပြီးဖြစ်သကဲ့သို့ ရိုးမားနှင့် နာပိုလီတို့ကလည်း ချန်ပီယံလိဂ်တိုက်ရိုက်ဝင်ခွင့်နှင့် ခြေစစ်ပွဲမှတစ်ဆင့်ဝင်ခွင့်တို့အတွက် သေချာပြီး ဖြစ်သည်။

ထို့အတူ လာဇီယိုနှင့် အတ္တလန္တာတို့မှာ ယူရိုပါလိဂ်ဝင်ခွင့်ရရှိကြပြီး ဖြစ်သည်။

သို့သော် ရိုးမားနှင့် နာပိုလီမှာ အဆင့် ၂နှင့် ၃တို့တွင် ရှိနေကာ ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့် အဆင့် ၂ ရရှိရေးအတွက် ကြိုးပမ်းရဦးမည် ဖြစ်သည်။

ထို့အတူ တန်းဆင်းရမည့်အသင်းများအဖြစ် ပါလာမိုနှင့် ပက်စ်ကာရာတို့ သေချာသွားပြီဖြစ်သော်လည်း အဆင့် ၁၈ မှ ခရိုတွန်နှင့် အဆင့် ၁၇ မှ အမ်ပိုလီတို့မှာ ၁မှတ်သာ ကွာဟနေခြင်းကြောင့် တန်းမဆင်းရရေးအတွက် ပွဲစဉ် ၃၈ တွင် ရုန်းကြရမည် ဖြစ်သည်။

ပွဲစဉ် ၃၈ တွင် ခရိုတွန်မှာ ယူရိုပါလိဂ် ၀င်ခွင့်ရ လာဇီယိုကို ဧည့်ခံရမည်ဖြစ်ပြီး အမ်ပိုလီက တန်းဆင်းပြီးသား ပါလာမိုနှင့် အဝေးကွင်းပွဲ ကစားရမည် ဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here