La-liga News

အပျော်ဆုံးနေ့ဆိုတဲ့ ဇီဒန်း

May 22 , 2017

ရီးရဲလ်နည်းပြအဖြစ်နှင့် အမှတ်ပေးချန်ပီယံဆုဖလားကို ကိုင်မြှောက်ခွင့်ရခဲ့သောနေ့သည် သူ့ဘ၀အတွက် အပျော် ဆုံးနေ့ဖြစ်ကြောင်း ဇီဒန်းက ပြောဆိုလိုက်သည်။

ရီးရဲလ်အသင်းမှာ လာလီဂါပွဲစဉ် ၃၈ တွင် မာလာဂါကို အနိုင်ရခဲ့သောကြောင့် ချန်ပီယံဘွဲ့ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းဆုမှာ ၂၀၁၂ နောက်ပိုင်း ပထမဆုံးပြန်ရခဲ့သော ဆုဖြစ်သည်။

လာလီဂါ ၆ပွဲဆက်တိုက် အနိုင်ရသောပွဲအဖြစ် မာလာဂါကို နိုင်ခဲ့သည့်ပွဲတွင် စီရိုနယ်ဒိုနှင့် ဘင်ဇီမာတို့က ဂိုးများ သွင်းယူပေး ခဲ့ကြခြင်း ဖြစ်သည်။

ဇီဒန်းမှာ ရီးရဲလ်ကစားသမားဘ၀အဖြစ်နှင့် ၂၀၀၁-၀၂ ချန်ပီယံလိဂ်ဖလား၊ ၂၀၀၂-၀၃  လာလီဂါဖလားတို့ကို ရရှိခဲ့သူ တစ် ဦးဖြစ်ပြီး ယခုနည်းပြဘ၀ဖြင့်ပါ ချန်ပီယံဆု ရနိုင်ခဲ့ခြင်းကြောင့် များစွာပျော်ရွှင် ဂုဏ်ယူကြောင်း ဂျူဗင်တပ်နှင့် ကစားရမည့် ၂၀၁၇ ချန်ပီယံ ဗိုလ်လုပွဲတွင် အခြေအနေကောင်းစေရေးအတွက် အားထုတ်သွားဦးမည်ဟု စေဆိုခဲ့သည်။

ပြင်သစ်သား ဇီဒန်းမှာ  ပြင်သစ်အသင်းနှင့်အတူ ယူရို  ၂၀၀၀ ဥရောပချန်ပီယံ၊ ၁၉၉၈ ကမ္ဘာ့ဖလား ချန်ပီယံ၊ ဂျူဗင်တပ်နှင့်အတူ ၁၉၉၇-၉၈၊ ၁၉၉၆-၉၇ စီးရီးအေချန်ပီယံဆုများကို ကစားသမားဘ၀နှင့် ရရှိခဲ့သူ ဖြစ်သည်။

သူသည် ၂၀၁၅ ဇူလိုင်လတွင် ရီးရဲလ်အရန်အသင်းကို စတင်ကိုင်တွယ်ခဲ့ရပြီး ၂၀၁၆ ဇန်န၀ါရီတွင် ရီးရဲလ်နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသူ ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here