EPL News

မိုဗစ်အကြောင်းပြောတဲ့ ဆပ်တန်

May 23 , 2017

ဆန်းဒါးလန်းနည်းပြအဖြစ်မှ နုတ်ထွက်ခဲ့သော ဒေးဗစ်မိုရက်စ်မှာ ပရီးမီးယားလိဂ်တွင် နည်းပြပြန်ဖြစ်ရန် မလွယ်တော့ပဲ တရုတ်စူပါလိဂ်တွင်သာ ရကောင်းရမည်ဟု ဘလက်ဘန်းတိုက်စစ်မှုးဟောင်း တစီဦးဖြစ်သူ ခရစ်ဆပ်တန်က ပြောဆိုလိုက် သည်။

အသက် ၅၄ နှစ်ရှိပြီဖြစ်သော မိုရက်စ်မှာ  ဆန်းဒါးလန်းကို တစ်ရာသီသာ ကိုင်တွယ်ခဲ့ရပြီး ချန်ပီယံရှစ်သို့ တန်းဆင်းရပြီးနောက် နည်းပြအဖြစ်မှ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။

တစ်ရာသီလုံးတွင် နိုင်ပွဲ ၆ပွဲသာ ရှိခဲ့သော ဆန်းဒါးလန်းမှာ လွန်ခဲ့သော ဧပြီလကတည်းကပင် အဆင့် ၂၀ သို့ ရောက်ရှိကာ တန်းဆင်းရန် အခြေအနေသို့ ရောက်ခဲ့ရပြီး ရုန်းထွက်ရန်လည်း မစွမ်းသာနိုင်ခဲ့ပဲ ချန်ပီယံရှစ်သို့ ရောက်သွားခြင်း ဖြစ်သည်။

ဆပ်တန်က စကော့တလန်သား  မိုရက်စ်အနေနှင့် ပရီးမီးယားလိဂ်ကဲ့သို့သော အဆင့်မျိုးတွင်နည်းပြဖြစ်ရေးအတွက် စိတ်ကူးမယဉ်သင့်တော့ပဲ သင့်တော်ရာ အောက်တန်းလိဂ်တစ်ခုခုသို့ သွားရောက်သင့်ပြီဟု ပြောဆိုခဲ့သည်။

အဲဗာတန်ကို ၁၁နှစ်ကြာကိုင်တွယ်ခဲ့သော မိုရက်စ်မှာ ၂၀၁၃ တွင် မန်ယူသို့ ရောက်လာခဲ့ပြီး ဆိုးရွားသည့် စွမ်းဆောင်မှု များကြောင့် ရာသီမကုန်မီ ထုတ်ပယ်ခံခဲ့ရသူ ဖြစ်သည်။

ထို့နောက် လာလီဂါကလပ် ဆိုစီဒက်သို့ ရောက်ခဲ့သော်လည်း ထပ်မံအထုတ်ခံခဲ့ရသည်။ ယင်းနောက်တွင် အင်္ဂလန်နည်းပြ ဖြစ်သွားသည့် ဆမ်အလာဒိုက်စ်နေရာကို ဆက်ခံကာ ဆန်းဒါးလန်းနည်းပြအဖြစ် တာန်ယူခဲ့ခြင်း ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here