EPL News

မန်စီးတီးကို စွန့်ခွာရမည့်သူများ

May 23 , 2017

ယခုရာသီတွင် မန်စီးတီးနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် ကစားသမား ၇ဦးရှိနေပြီး ယင်းတို့အထဲမှ ကလစ်ချီက သူ့အနေနှင့် အသင်းကို စွန့်ခွာတော့မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ပြင်သစ်သား ဘယ်နောက်ခံလူ ကလစ်ချီမှာ ၂၀၁၁တွင် မန်စီးတီးသို့ ရောက်ရှိလာခဲ့သူဖြစ်ပြီး အခြားကစားသမားတစ်ဦးဖြစ်သူ ဇဘာလက်တာမှာလည်း အသင်းကိုစွန့်ခွာမည်ဟု တရားဝင်ပြောဆိုထားသူ ဖြစ်သည်။

မန်စီးတီးအသင်းမှ ဂိုးသမား ဂျိုးဟတ်မှာ အငှားစာချုပ်ဖြင့် တိုရီနိုအသင်းကို သွားရောက်ကစားနေသူဖြစ်ပြီး ယခုနွေတွင် အပြီး အပြတ် ခေါ်ယူလိုသော ကလပ်မျိုးကို ရှာဖွေလိမ့်မည် ဖြစ်သည်။

မန်စီးတီးအနေနှင့် နောက်ခံလူနေရာဖြည့်တင်းရန်အတွက် မိုနာကိုမှ မန်ဒီနှင့် ဂျူဗင်တပ်မှ ဆန်ဒရိုတို့အပေါ် စုံစမ်းလျက် ရှိနေသည်။

ယခုနွေတွင် မန်စီးတီးနှင့် စာချုပ်သက်တမ်းစေ့မည့် သူများမှာ ကလစ်ချီ၊ ဇဘာလက်တာ၊ ဆက်ဂနာ ကာဘယ်လီယို၊ နာဗက်စ်၊ တိုရေးနှင့် အေဒါရာဘီယိုတို့ ဖြစ်ကြသည်။

နာဗက်စ်ကို မန်စီးတီးက ၁နှစ်သက်တမ်းတိုးရန် ကမ်းလှမ်းခဲ့သေးသော်လည်း နာဗက်စ်က ငယ်ဘ၀က ကစားခဲ့ရသော ဆီဗီးလားနှင့် ၃နှစ်စာချုပ်ချုပ်ရန် ပြင်ဆင်နေပြီဟု ဆိုသည်။

အေဒါရာဘီယိုမှာ စာချုပ်သစ်ချုပ်ရန်ရှိနေသည်ဟု သိရပြီး တိုရေးကိုလည်း ၁နှစ် သက်တမ်းတိုးရန် ကမ်းလှမ်းမည်ဟု ဆိုသည်။

U Myo Thant




<< Back EPL News


Advertisement
Here