Europa League

အလုပ်ရှုပ်ဦးမည့် ဆွီဒင်ရဲများ

May 23 , 2017

လာမည့်  ၂၄ ရက်နေ့ ဆွီဒင်နိုင်ငံ စတော့ဟုမ်းတွင် မန်ယူနှင့် အေဂျက်တို့ ကစားကြမည့် ယူရိုပါလိဂ်ဖိုင်နယ်အတွက် မန်ယူ ပရိသတ် ၂သောင်းခန့်လာရောက်ကြမည်ဖြစ်သဖြင့် ဆွီဒင်ရဲတပ်ဖွဲ့အနေနှင့် အေးချမ်းစွာ ထိန်းသိမ်းနိုင်ရေးအတွက် အလုပ်ရှုပ်ရ ဦးမည် ဖြစ်သည်။

မန်ယူအသင်းမှာ ထိုပွဲစဉ်အတွက် လက်မှတ်ခွဲတမ်း ၉၅၀၀သာ ရရှိမည်ဖြစ်သဖြင့် လက်မှတ်မရနိုင်၍ ကွင်းအတွင်း ၀င်ရောက် ခွင့်မရသော ပရိသတ် တစ်သောင်းကျော်အတွက် မြို့ခံများ၊ ပြိုင်ဘက်အေဂျက် ပရိသတ်များနှင့် ခိုက်ရန်ဖြစ်ပွားမှု မဖြစ်စေရန် ရဲတပ်ဖွဲ့က တာဝန်ယူရမည် ဖြစ်သည်။

၂၀၁၂ ယူရိုပါလိဂ် ဒုတိယအကျော့ပွဲစဉ်အဖြစ် အိုးလ်ထရက်ဖို့ဒ်တွင် မကစားရခင်အထိ ပရိသတ်များ ဆူပူခဲ့ကြကာ အေဂျက် ပရိသတ် ၇၆ ဦးကိုဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း ယခုအချိန်တွင်လည်း ရဲတပ်ဖွဲ့အနေနှင့် မြို့တော်ရှိ ပန်းခြံများတွင် ရှိနေကြမည့် မန်ယူပရိသတ်များကို အမှားမဖြစ်စေရန် သတိပေးသွားခဲ့သည်။

U Myo Thant




<< Back Europa League


Advertisement
Here