Serie-A News

မသေချာသေးတဲ့ တော့တီ

May 23 , 2017

ရိုးမားအသင်းတိုက်စစ်မှုးကြီး တော့တီမှာ ယခုရာသီကုန်ချိန်တွင် ရှေ့ရေးကို မည်ကဲ့သို့ ဆုံးဖြတ်ရမည်ကို မသိသေးသကဲ့သို့ နည်းပြစပါလက်တီကလည်း တော့တီ၏ ဆုံးဖြတ်ချက်ကို မသိနိုင်သေးပါဟု ပြောဆိုခဲ့သည်။

ရိုးမားအသင်းမှာ လာမည့် တနင်္ဂနွေနေ့တွင် ရာသီသိမ်းပွဲစဉ်အဖြစ် ဂျီနိုအာနှင့် ကစားရမည်ဖြစ်ပြီး အနိုင်ရခဲ့ပါက ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့်ရမည် ဖြစ်သည်။

အသက် ၄၀ ရှိပြီဖြစ်သော တော့တီမှာ ရိုးမားတွင် ၂၅ နှစ်ကြာခဲ့ပြီဖြစ်ပြီး လာမည့်ပွဲစဉ်တွင် ပရိသတ်ပေါင်း  ၆သောင်းကျော်က တော့တီ၏ နောက်ဆုံးနုတ်ဆက်ပွဲဖြစ်လာနိုင်မည့် ပွဲစဉ်ကို မြင်တွေ့ကြရမည်  ဖြစ်သည်။

တော့တီမှာ ယခုရာသီတွင် စီးရီးအေပွဲ ၁၇ ပွဲပါဝင်ကစားခဲ့ပြီး အသင်းအတွက် ၂ဂိုး သွင်းပေးခဲ့ကာ လောလောဆယ် ရိုးမားမှာ နာပိုလီဖက် ၁မှတ်အသာ အဆင့် ၂တွင် ရှိနေသော အသင်းဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here