EPL News

ရွန်းနီထွက်သင့်ပြီဆိုတဲ့ နဗီးလ်

May 23 , 2017

မန်ယူတိုက်စစ်မှုး ရွန်းနီအနေနှင့် ယခုရာသီအတွင်း ကြုံတွေ့ခဲ့ရသော အနေအထားများကြောင့် အသင်းကိုစွန့်ခွာရန် အချိန်တန် ပြီဖြစ်ကြောင်း မန်ယူကစားသမားဟောင်း ဖီးလ်နဗီးက ပြောဆိုလိုက်သည်။

မန်ယူကပ္ပတိန်အဖြစ် တာဝန်ယူခဲ့ရသော ရွန်းနီမှာ နည်းပြ မော်ရင်ဟိုရောက်ရှိလာပြီးနောက် နေရာပျောက်သကဲ့သို့ဖြစ်ခဲ့ရပြီး ယခုတစ်ရာသီလုံးတွင် ၂၅ပွဲ ကစား၅ဂိုးသွင်းယူနိုင်ခဲ့သည်။

အခြား တိုက်စစ်မှုးများဖြစ်သော မာရှယ်၊ ရက်ရှ်ဖို့ဒ်၊ အီဘရာဟင်မိုဗစ်တို့မှာ ၂၅ ပွဲ၊ ၃၂ပွဲ၊ ၂၈ ပွဲစသဖြင့် ကစားခွင့်ရ ရှိခဲ့ကြသည်။

၃၁ နှစ်သား ရွန်နီးအနေနှင့် ပွဲအစမှ စတင်ပါဝင်ခွင့်ရခဲ့သည်မှာ ၁၅ ပွဲသာရှိခဲ့ပြီး ယင်းမှာ အဲဗာတန်မှ မန်ယူသို့ ရောက်လာ ခဲ့သည့် ၂၄ မှစ၍ ပွဲအနည်းဆုံး ကစားခွင့်ရခဲ့ခြင်း ဖြစ်သည်။

နဗီးလ်က "လာမယ့် အေဂျက်နဲ့ပွဲမှာ ရွန်းနီဟာ ပွဲထွက်လူစာရင်းထဲ ပါလာရင်တော့ အံ့ဩစရာပါပဲ၊ ကျနော့်အနေနဲ့ကတော့ ရွန်းနီဟာ မန်ယူကို စွန့်ခွာဖို့ အချိန်ရောက်ပြီလို့ ဆိုချင်ပါတယ်။ မော်ရင်ဟိုလက်အောက်မှာ ဒီထက်နေရာရစရာလည်း အကြောင်းမမြင်ပါဘူး" ဟု ပြောဆိုသွားခဲ့သည်။

မန်ယူ၏ ယခုရာသီ အိမ်ကွင်းနောက်ဆုံးပွဲအဖြစ် ခရစ္စတယ်ပဲလေ့စ်နှင့် ကစားရာတွင် ရွန်းနီနှင့် လူစားလဲဝင်ကစားခဲ့သော ဂိုမက်စ်မှာ အသက် ၁၆ နှစ်သာရှိသေးပြီး ၁၉၅၃ ခုနှစ် နောက်ပိုင်း ၀င်ကစားခွင့်ရသော အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

U Myo Thant




<< Back EPL News


Advertisement
Here