Europa League

လက်ပါတ်အနက်ဝတ်မည့် မန်ယူ

May 24 , 2017

မန်ချက်စတာကဇာတ်ရုံတွင် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၂ ဦးသေဆုံးခဲ့ရသည့်အဖြစ်ဆိုးအတွက် မြို့ခံ၂သင်းဖြစ်သော မန်ယူနှင့် မန်စီးတီးအသင်းများက များစွာ ကြေကွဲဝမ်းနည်းရကြောင်း ပြောဆိုခဲ့ကြပြီး ယနေ့ည အေဂျက်နှင့် ကစားရမည့်ပွဲတွင် မန်ယူအသင်းသားများက ၀မ်းနည်းမှု အထိမ်းအမှတ်လက်ပါတ်အနက်များ ၀တ်ဆင်ကစားကြ မည် ဖြစ်သည်။

ဆွီဒင်နိုင်ငံ စတော့ဟုမ်းတွင် ကစားရမည့် ထိုပွဲ၌ ပွဲမစမီ တစ်မိနစ်ငြိမ်သက်၍ ထိုအဖြစ်ဆိုးအတွက် ဆုတောင်းပေးကြဦးမည် ဖြစ်သည်။

မန်ယူနှင့် မန်စီးတီးတို့၏ အိမ်ကွင်းများတွင် ကလပ်အသင်းအလံများကို တိုင်ဝက်အထိ လျော့ချထားကာ ၀မ်းနည်းမှုကို ဖော်ပြခဲ့ ကြသည်။

ရဲတပ်ဖွဲ့အဆိုအရ အမေရိကန်ပေါ့ပ် အဆိုတော် ဂရန်ဒီ၏ ဖျော်ဖြေပွဲအပြီး ဖြစ်ပွားခဲ့သော ယင်းအကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူပေါင်း တစ်ရာကျော်ရှိခဲ့ပြီး မန်ချက်စတာရှိ ဆေးရုံ ၈ ခုတွင် ကုသမှုခံယူကြလျက် ရှိနေသည်။

ထို့သို့သော အကြမ်းဖက်မှုကြောင့် လန်ဒန်ဝင်ဘလေတွင် ချဲလ်ဆီးနှင့် အာဆင်နယ်တို့ ကစားကြမည့် FA ဖလား ဖိုင်နယ်တွင် လုံခြုံရေးကို အထူးတင်းကြပ်ထားမည်ဟု သိရသည်။

U Myo Thant




<< Back Europa League


Advertisement
Here