EPL News

နုတ်ထွက်သွားသော ဆမ်အလာဒိုက်စ်

May 24 , 2017

ခရစ္စတယ်ပဲလေ့စ်အသင်းအား တန်းမဆင်းရရေးစွမ်းဆောင်ပေးခဲ့သော နည်းပြ ဆမ်အလာဒိုက်စ်မှာ ထိုရာထူးမှ နုတ်ထွက် သွားပြီ ဖြစ်သည်။

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြအဖြစ် တစ်ပွဲသာလျှင် တာဝန်ယူခဲ့ဘူးသူ ဆမ်အလာဒိုက်စ်မှာ လွန်ခဲ့သော ၅လက အလန်ပါဂျူးကို ဆက်ခံကာ ခရစ္စတယ်ပဲလေ့စ်နည်းပြ ဖြစ်လာခဲ့ပြီး ကိုင်တွယ်ခဲ့ရသော ၂၁ပွဲတွင် အနိုင် ၈ပွဲရခဲ့၍ အဆင့် ၁၄ ဖြင့် ရာသီသိမ်းနိုင်ခဲ့သည်။

သူသည် လွန်ခဲ့သောရာသီကလည်း ဆန်းဒါးလန်းကို တန်းဆင်းရမည့်ဘေးမှ ကယ်တင်ခဲ့သူဖြစ်ပြီး ယခုအခါ နည်းပြအဖြစ်မှ အနားယူပြီး အခြားအသင်းနည်းပြအဖြစ်လည်း တာဝန်ယူတော့မည်မဟုတ်ပဲ မိသားစုကို အချိန်ပေးဦးမည်ဟု ဆိုသည်။

ခရစ္စတယ်ပဲလေ့စ်မှာ လွန်ခဲ့သည့် ၇နှစ်အတွင်းနည်းပြ ၇ယောက် ပြောင်းလဲခဲ့ပြီး ယခုအခါ ၇နှစ်အတွင်း ၈ယောက်မြောက်ဖြစ်လာမည့် နည်းပြသစ်ကို ရှာဖွေရဦးမည် ဖြစ်သည်။

ဆမ်အလာဒိုက်စ်မှာ ဘောလ်တန်၊ ဘလက်ဘန်း၊ နယူးကာဆယ်၊ ၀က်စ်ဟမ်း၊ ဆန်းဒါးလန်းအသင်းများကို ကိုင်တွယ်ခဲ့သူဖြစ်ပြီး သူကိုင်တွယ်နေစဉ်အတွင်း တန်းဆင်းရသည့်အသင်းမျိုး မရှိခဲ့ပေ။

ပရီးမီးယားလိဂ်တွင် ဖာဂူဆန်၊ ၀င်းဂါး၊ ရက်ဒ်နက်၊ မိုရက်စ်တို့ပြီးလျှင် ဆမ်အလာဒိုက်စ်မှာ ပွဲအများဆုံးကိုင်တွယ်ရသည့် နည်းပြတစ်ဦး ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here