EPL News

ဘုန်းမောက်ပြောင်းမယ့် ဒီဖိုး

May 24 , 2017

ဆန်းဒါးလန်းတိုက်စစ်မှုး ဒီဖိုးမှာ အသင်းတန်းဆင်းသွားရပြီးနောက် ပရီးမီးယားကလပ် ဘုန်းမောက်သို့ အလွတ်ပြောင်းရွှေ့ ခွင့်ဖြင့် ရောက်ရှိသွားပြီ ဖြစ်သည်။

သူသည် ဘုန်းမောက်တွင် တစ်ပတ်လုပ်ခပေါင် ၈သောင်းရရှိမည်ဖြစ်ပြီး ၂နှစ်စာချုပ်ချုပ်ဆိုခဲ့ကာ စာချုပ်ချုပ်ဆိုခ ပေါင် ၆သန်း ကိုလည်း ရရှိခဲ့ပြီ ဖြစ်သည်။

အသက် ၃၇ နှစ်ရှိပြီဖြစ်သော ဒီဖိုးကို ၀က်စ်ဟမ်းက စိတ်ဝင်စားသော်လည်း ဘုန်းမောက်က လက်ဦးမှုရယူကာ နည်းပြ ဟိုဝီနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သဘောတူညီမှုရခဲ့ကြခြင်း ဖြစ်သည်။

ဒီဖိုးမှာ ပရီးမီးယားလိဂ်တွင် ပုံမှန်ကစားခွင့်ရလိုသူဖြစ်ပြီး သို့မှသာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းအတွက် ရွေးချယ်ခံရရန် အခွင့်အရေးရှိလာမည် ဖြစ်သည်။

သူသည် လွန်ခဲ့သောလက လစ်သူရေးနီးယားနှင့် ပွဲတွင် အင်္ဂလန်ဘက်မှ ပါဝင်ခဲ့ပြီး ၁ဂိုးသွင်းယူခဲ့ကာ အင်္ဂလန်အတွက် စုစုပေါင်း ဂိုး ၂၀ သွင်းပေးခဲ့ပြီး ဖြစ်သည်။

သူသည် ၁၉၉၉တွင် ၀က်စ်ဟမ်းနှင့် ကစားသမားဘ၀စတင်ခဲ့ပြီး ၂၀၀၀-၀၁တွင် ဘုန်းမောက်၌ အငှားကစားသမားအဖြစ် ကစားခဲ့ဘူးသူ ဖြစ်သည်။

ဝက်စ်ဟမ်းတွင် ၂၀၀၄ အထိ ကစားခဲ့ပြီးနောက် ၂၀၀၄ မှ ၂၀၀၈ အထိ စပါး၊ ၂၀၀၈ မှ ၂၀၀၉ အထိ ပို့စ်မောက်၊ ၂၀၀၉ မှ ၂၀၁၄ အထိ စပါးတို့တွင် ကစားခဲ့ကာ ၂၀၁၄ တွင် မေဂျာလိဂ်ကလပ်တိုရန်တိုသို့ သွားရောက်ခဲ့ပြီး ၂၀၁၅ တွင် ဆန်းဒါးလန်းသို့ ရောက်ရှိခဲ့သူ ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here