EPL News

ရွန်းနီကို ဆက်ရှိစေလိုသူ

May 25 , 2017

မန်ယူနည်းပြ မော်ရင်ဟိုက ရွန်းနီအနေနှင့် လာမည့် ရာသီ မန်ယူတွင် ဆက်ရှိရန်မျှော်လင့်ကြောင်း အတွေ့အကြုံရင့် တိုက်စစ်မှုးတစ်ဦးအနေနှင့် မန်ယူ၏ အဓိကအစိတ်အပိုင်းအဖြစ် ဆက်ရှိနေ သင့်ကြောင်း ပြောဆိုလိုက်သည်။

ရွန်းနီမှာ ယခုရာသီ မော်ရင်ဟိုရောက်ရှိလာချိန်တွင် ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့သူဖြစ်ပြီး လာမည့်ရာသီတွင် အသင်းပြောင်း သင့်ပြီဖြစ်ကြောင်း ၀ိုင်းဝန်းအကြံပေးခြင်းကို ခံနေရသူ ဖြစ်သည်။

၃၁နှစ်သား ရွန်းနီမှာ အရေးပါသော ပွဲစဉ်တစ်ခုဖြစ်သည့် အေဂျက်နှင့် ကစားရသော ယူရိုပါလိဂ်ဖိုင်နယ်တွင် အရန်ခုံ၌ သာရှိနေကာ ပွဲပြီးရန် ၅ မိနစ်ခန့်အလိုတွင်မှ လူစားဝင် ကစားခဲ့ရသူ ဖြစ်သည်။

သို့သော် ထိုကိစ္စနှင့် ပတ်သက်၍ မော်ရင်ဟိုက "ရွန်းနီဟာ ကစားဖို့ အဆင့်သင့်ရှိနေသူပါ။ ဒါပေမယ့် ကျနော်တို့က ၂-၀နဲ့ ဦးဆောင်နေပြီမို့ တိုက်စစ်ကို ထပ်တိုးဖို့ မလိုတော့လို့ မကစားခိုင်းခဲ့တာပါ။ သူ့ကို ကျနော် အင်္ဂါနေ့က ပြောပြီးပါပြီ။ သူဟာ အသင်းရဲ့ အဓိကလူ၊ ကျနော်တို့အတွက် သိပ်အရေးပါတဲ့ ကစားသမားပါ။ သူသာ လာမယ့်ရာသီဆက်ရှိရင် ကျနော် သိပ်ပျော်မိ မှာ အမှန်ပါပဲ" ဟု ပြောဆိုခဲ့သည်။

လူသစ်ခေါ်ရေးနှင့် ပတ်သက်၍မူ မော်ရင်ဟိုက "ကျနော် အက်ဒ်ဝုဒ်ဝပ်နဲ့ တွေ့ပြီး လိုချင်တဲ့သူတွေ စာရင်းကို ပေးထားပါတယ်။ ဘယ်သူတွေကို ခေါ်နိုင်မယ်ဆိုတာကတော့ စောင့်ကြည့်ရမှာပါ" ဟု ပြောဆို သွားခဲ့သည်။

U Myo Thant




<< Back EPL News


Advertisement
Here