La-liga News

ဘာကာပြောင်းမည့် ဘီဘာအိုနည်းပြ

May 25 , 2017

စပိန်လာလီဂါကလပ်တစ်ခုဖြစ်သော ဘီဘာအိုမှ နည်းပြ ဗယ်ဗာဒီမှာ လာမည့်ရာသီတွင် ဘီဘာအိုကို ဆက်လက်ကိုင်တွယ် မည်မဟုတ်တော့ပဲ ဘာစီလိုနာသို့ ရောက်လာမည်ဟု သတင်းထွက်လျက် ရှိသည်။

ဘာစီလိုနာ ဥက္ကဋ္ဌ ဘာတိုမီက လက်ရှိနည်းပြ အင်းနရစ်ခ်ျကို ဆက်ခံမည့်နည်းပြအမည်အား လာမည့် တနင်္လာနေ့တွင် ထုတ်ပြန် မည်ဟု ပြောဆိုခဲ့သည်။

ဘာစီလိုနာကစားသမားဟောင်းတစ်ဦးဖြစ်သူ ဗယ်ဗာဒီမှာ အသက် ၅၃ နှစ်ရှိပြီဖြစ်ပြီး ဘီဘာအိုကို ၂၀၁၆-၁၇ ရာသီတွင် အဆင့် ၈နှင့် ရာသီသိမ်းနိုင်စေခဲ့သူ ဖြစ်သည်။

သူသည် ဘာစီလိုနာ၏ မြို့ခံပြိုင်ဘက် အသင်းတစ်သင်းဖြစ်သည့် အက်စပန်ညိုကိုလည်း ကိုင်တွယ်ခံသူ ဖြစ်သည်။

ဗယ်ဗာဒီက "အခုအချိန်မှာ ဘယ်အသင်းအကြောင်းကိုမှ ကျနော်မကြားချင်သလို၊ ဘယ်အသင်းတွေက ကျနော်ကို ချိတ်ဆက်နေ  တယ်ဆိုတာလည်း မဖြေနိုင်သေးပါဘူး။ ဘီဘာအိုက ကျနော် ကလပ်ပါလို့ ပထမဆုံး ပြောချင်ပါတယ်။ အသင်းကို နုတ်ဆက်ခဲ့ ရပေမယ့် ဘယ်အသင်းကို ရောက်မယ်ဆိုတာ မသိနိုင်သေးပါဘူး" ဟု ဆိုခဲ့သည်။

U Myo Thant




<< Back La-liga News


Advertisement
Here