EPL News

မစ်ဒယ်ဘရော့ကထွက်မယ့် ဗဲလ်ဒက်စ်

May 25 , 2017

ဂိုးသမား ဗစ်တာ ဗဲလ်ဒက်စ်မှာ တန်းဆင်းသွားရသည့် မစ်ဒယ်ဘရော့အသင်းမှ ထွက်တော့မည် ဖြစ်သည်။

ဘာစီလိုနာ၊ မန်ယူတို့တွင် ကစားခဲ့ဘူးသော ဗဲလ်ဒက်စ်မှာ လွန်ခဲ့သော ရာသီအစတွင် အလွတ်ပြောင်းရွှေ့ခွင့်အဖြစ်နှင့် မစ်ဒယ်ဘရော့သို့ ရောက်ရှိခဲ့သူ ဖြစ်သည်။

ဗဲလ်ဒက်စ်အနေနှင့် မန်ယူတွင် အဆင်မပြေခဲ့သော်လည်း မစ်ဒယ်ဘရော့တွင် ၂၈ ပွဲ ပါဝင်ကစားခဲ့ရကာ နောက်ဆုံး ၇ပွဲမှာ ဒဏ်ရာကြောင့် ပါဝင်ခွင့်မရခဲ့ပေ။

၃၅ နှစ်သား ဗဲလ်ဒက်စ်အနေနှင့် လာမည့် ဇွန်လတွင် အသင်းမှထွက်ခွာမည်ဖြစ်ပြီး မည်သည့်အသင်းသို့ ရောက်ရှိမည်ဆိုသည်ကိုမူ မသိရသေးပေ။

သူနှင့် အသင်းတို့ နှစ်ဘက်သဘောတူညီချက်ဖြင့် အသင်းကို စွန့်ခွာရခြင်းဖြစ်ပြီး သူ၏ရှေ့ရေးနှင့် ပတ်သက်၍မူ မပြောနိုင်သေးကြောင်း ဗဲလ်ဒက်စ်က သတင်းသမားများအမေးကို ဖြေဆိုသွားခဲ့သည်။

U Myo Thant




<< Back EPL News


Advertisement
Here