Serie-A News

နည်းပြဖြစ်လာသော ဖရန်ဒယ်လီ

May 26 , 2017

အီတလီလက်ရွေးစင်အသင်းနည်းပြဟောင်း ပရန်ဒယ်လီမှာ UAE ကလပ်တစ်ခုဖြစ်သော အယ်လ်နာဆာကို တာဝန်ယူထားမည် ဖြစ်သည်။

ဗလင်စီယာအသင်းကို ၁၀ပွဲသာ ကိုင်တွယ်ခဲ့ရပြီးနောက် ၂၀၁၆ ဒီဇင်ဘာလတွင် နုတ်ထွက်ခဲ့သော ပရန်အယ်လီမှာ ပီထရက်စကူ၏ နေရာကိုဆက်ခံကာ အယ်နာဆာကလပ်နည်းပြအဖြစ် တာဝန်ယူခဲ့ခြင်း ဖြစ်သည်။

ဒူဘိုင်းတွင် အခြေစိုက်သော အယ်လ်နာဆာကလပ်မှာ အာရေဘီယန် ပင်လယ်ကွေ့လိဂ်တွင် ကစားနေသော အသင်းဖြစ်ပြီး လွန်ခဲ့သော သောကြာနေ့က ဥက္ကဋ္ဌဖလားဖိုင်နယ်တွင် အယ်လ်ဝါဒါကို ရှုံးနိမ့်ခဲ့ပြီးနောက် ပီထရက်စကူကို ထုတ်ပယ်ခဲ့ခြင်း ဖြစ် သည်။

ပီထရက်စကူမှာ အယ်လ်နာဆာကို ၇လကြာကိုင်တွယ်ခဲ့သူလည်း ဖြစ်သည်။

အသက် ၅၉ နှစ်အရွယ် ပရန်ဒယ်လီမှာ ယူရို ၂၀၁၂ပြိုင်ပွဲတွင် အီတလီကို ဖိုင်နယ်တက်စေနိုင်ခဲ့သူ ဖြစ်သည်။

အယ်လ်နာဆာအသင်းကို အီတလီသား ဇန်ဂါက ၂၀၁၁မှ ၂၀၁၃အထိ ကိုင်တွယ်ခဲ့ဘူးပြီး အီတလီသားတစ်ဦးပင်ဖြစ်သော လူကာတိုနီမှာ အသင်းသားအဖြစ် ပါဝင်ခဲ့သည့် ၂၀၁၆-၁၇ ရာသီတွင် အဆင့် ၆ ရရှိခဲ့သည်။

သို့သော် ချန်ပီယံဖြစ်သွားသည့် အယ်လ်ဂျာစီယာနှင့် ၃၂ မှတ်အထိ ကွာခြားခဲ့သည်။

၁၉၈၅-၈၆တွင် ပင်လယ်ကွေ့လိဂ် ချန်ပီယံနောက်ဆုံးဖြစ်ခဲ့သော အယ်လ်နာဆာကို ပရန်ဒယ်လီ မည်ကဲ့သို့ ဦးဆောင်နိုင်မည်ကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။

 

U Myo Thant




<< Back Serie-A News


Advertisement
Here