EPL News

လူခေါ်ဦးမည့် မန်ယူ

May 26 , 2017

ယူရိုပါလိဂ်ဖလားရခဲ့ပြီးနောက် လာမည့်ရာသီတွင် ချန်ပီယံလိဂ်၌ ကစားရသည့်အပြင် ပရီးမီးယားလိဂ်တွင်လည်း ယခုရာသီထက် ပိုမိုအောင်မြင်ရန် ကစားသမားသစ် ၃-၄ဦးခန့် ခေါ်ယူသွားမည်ဟု မန်ယူနည်းပြ မော်ရင်ဟိုက ပြောဆိုလိုက်သည်။

မန်ယူ ဘုတ်အဖွဲ့သို့ မော်ရင်ဟိုပေးအပ်ထားသော ခေါ်ယူလိုသည့် ကစားသမားများထဲတွင် ဂရစ်ဇ်မန်း၊ လူကာကူ၊ ဘယ်လော့ တီနှင့် ကိန်းတို့ပါဝင်ပြီး ၎င်းတို့အားလုံးကိုသာ ခေါ်မည်ဆိုပါက ပေါင်သန်း ၃၀၀ ခန့်အသုံးပြုရလိမ့်မည် ဖြစ်သည်။

မော်ရင်ဟိုမှာ အဓိကအားဖြင့် နောက်တန်းနှင့် တိုက်စစ်ကို အားဖြည့်ရန် စဉ်းစားနေပြီး အလိုချင်ဆုံး ၂ဦးမှာ အက်သလက်တီကို တိုက်စစ်မှုး ဂရစ်ဇ်မန်းနှင့် ဘန်လေ နောက်ခံလူ မိုက်ကယ်ကိန်းတို့ ဖြစ်သည်ဟု ဆိုသည်။

ဂရစ်ဇ်မန်းကို ခေါ်ယူလိုပါက ပေါင်သန်း ၉၀ ခန့်ကုန်ကျမည်ဖြစ်ပြီး ဘန်လေမှ ကိန်းကို ခေါ်ယူလိုပါက ပေါင်သန်း ၃၀ ခန့်ပေးရမည် ဖြစ်သည်။

မန်ယူအသင်းမှာ ယူရိုပါလိဂ်ချန်ပီယံဖြစ်ခဲ့သဖြင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှ ဗိုလ်စွဲလာမည့် ရီးရဲလ်(သို့မဟုတ်) ဂျူဗင်တပ်နှင့် ဥရောပစူပါဖလားပွဲအဖြစ် ဩဂုတ်လ၈ရက် မက်ဆီဒိုးနီးယား၌ ရင်ဆိုင်ကြရမည် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here