EPL News

သက်တမ်းတိုးသော ဇာဟာ

May 26 , 2017

စပါးအသင်း၏ စိတ်ဝင်စားခြင်းကို ခံခဲ့ရဘူးသော ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှုး ဇာဟာမှာ ပဲလေ့စ်နှင့် ၅နှစ် သက်တမ်းတိုး စာချူပ် ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။

အိုင်ဗရီကို့စ် လက်ရွေးစင်ဖြစ်သူ ဇာဟာမှာ ပဲလေ့စ်အတွက် စုစုပေါင်း ၂၅၈ပွဲ ကစားပေးခဲ့ပြီဖြစ်ပြီး တန်းဆင်းဘေးနှင့် ဝေးခဲ့ ပြီးနောက် လာမည့်ရာသီတွင် ပိုမိုတိုးတက်အောင်မြင်လာစေရန် ပြင်ဆင် သွားလိမ့်မည် ဖြစ်သည်။

ပဲလေ့စ်ကို တန်းမဆင်းရရေးအတွက် ဦးဆောင်မှု ပေးခဲ့သော နည်းပြ ဆမ်အလာဒိုက်စ်မှာ အနားယူသွားခဲ့ပြီဖြစ်၍ နည်းပြသစ် ခန့်အပ်ရဦးမည် ဖြစ်သည်။

ဇာဟာက သူ့အနေနှင့် အသင်းဥက္ကဋ္ဌ စတိဗ်နှင့် ဆွေးနွေးခဲ့ပြီးနောက် ၅နှစ် စာချုပ်ချုပဆိုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပရိသတ်များ၏ အားပေးမှုမှာလည်း အံ့ဩစရာကောင်းလှကြောင်း မိမိအသည်းနှလုံးထဲတွင် ပဲလေ့စ်အသင်းရှိနေပါကြောင်း ပြောဆိုသွားခဲ့သည်။

ဇာဟာမှာ လွန်ခဲ့သော ၂ရာသီလုံးတွင် အသင်း၏ ၁နှစ်တာ အကောင်းဆုံးကစားဆုများကို ရရှိခဲ့သူ ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here