EPL News

ယူ-၂၁ကထွက်တဲ့ ရက်ရှ်ဖို့ဒ်

May 26 , 2017

မန်ယူနည်းပြ မော်ရင်ဟို၏ တောင်းဆိုမှုကြောင့် တိုက်စစ်မှုး ရက်ရှ်ဖို့ဒ်ကို အင်္ဂလန် ယူ-၂၁ လူစာရင်းမှ ဖယ်ရှားပေးခဲ့ကြောင်း သိရသည်။

၁၉ နှစ်သား ရက်ရှ်ဖို့ဒ်မှာ အင်္ဂလန် ယူ-၂၁ လက်ရွေးစင်အဖြစ် ရွေးချယ်ထားခံရခြင်းကြောင့် ယခုနွေတွင် ယှဉ်ပြိုင်ရမည့် ဥရောပ ယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ပါဝင်ရန်အကြောင်းဖန်ခဲ့သည်။

သို့သော် နည်းပြ မော်ရင်ဟိုက အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ရက်ရှ်ဖို့ဒ်မှာ မန်ယူ၏ နွေရာသီ ရာသီ ကြိုခရီးစဉ်တွင် အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ရန်ရှိနေသောကြောင့် ယူ-၂၁ အသင်းသားအဖြစ်မှ ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့ရာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က လိုက်လျောပေးခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ရက်ရှ်ဖို့ဒ်မှာ အင်္ဂလန်လက်ရွေးစင်အသင်းကြီး၏ အသင်းသားအဖြစ်လည်း ပါဝင်ရဦးမည်ဖြစ်၍ ယူ-၂၁ လူစာရင်းမှ ပယ်ဖျက်ပေးခဲ့ခြင်း ဖြစ်သည်။

အင်္ဂလန်အသင်းကြီးမှာ လာမည့်လ စကော့တလန်နှင့် ကစားရမည့် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ ပြင်သစ်နှင့် ကစားရမည့် ခြေစမ်းပွဲတို့အတွက် ရွေးချယ်ထားသော ကစားသမား ၂၅ ဦးထဲတွင် ပါဝင်နေဦးမည် ဖြစ်သည်။

ရက်ရှ်ဖို့ဒ်အနေနှင့် ယခုရာသီတွင် စုစုပေါင်း ၅၈ ပွဲပါဝင်ကစားထားရခြင်းကြောင့် ကြံ့ခိုင်မှုနှင့် ခြေစွမ်းကျဆင်းသွားမည့် အရေး ကိုလည်း ပူပန်ခဲ့ခြင်း ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here