Serie-A News

မီလန်နည်းပြ ဂတ်တူဆို

May 27 , 2017

ကစားသမားဟောင်းတစ်ဦးဖြစ်ခဲ့သူ ဂတ်တူဆိုမှာ မီလန်အသင်းနည်းပြအဖြစ် တာဝန်ယူတော့မည် ဖြစ်သည်။

၃၉ နှစ်အရွယ်ရှိပြီဖြစ်သော ဂတ်တူဆိုမှာ ၂၀၁၂တွင် မီလန်မှ ဆီယွန်သို့ ပြောင်းရွှေ့ကစားခဲ့ပြီး ယင်းဆွစ်ဇာလန်ကလပ် ဆီယွန်မှာပင် ကစားသမား/နည်းပြအဖြစ် တာဝန်ယူခဲ့သည်။

ယင်းနောက်တွင်ဂတ်တူဆိုမှာ ပါလာမို၊ ခရီတီ၊ ပီဆာအသင်းများတွင် နည်းပြအဖြစ် တာဝန်ယူခဲ့ကာ ၎င်းကိုင်တွယ်ခဲ့သော ပီဆာမှာ စီးရီးဘီမှ လီဂါပရိုသို့ တန်းဆင်းခဲ့ရပြီးနောက် ယခုလနှောင်းပိုင်းတွင် ထိုအသင်းမှ ထွက်ခွာခဲ့သူ ဖြစ်သည်။

မီလန်နှင့်အတူ အောင်မြင်မှုများရခဲ့သော ဂတ်တူဆိုက မီလန်သို့ ပြန်လာခွင့်ရသည့်အတွက် များစွာဝမ်းသာဂုဏ်ယူပါကြောင်း၊ မိမိကို ကမ်းလှမ်းခဲ့သော အားကစားဒါရိုက်တာ မီရာဘယ်လီနှင့်အတူ ကလပ်တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ပါကြောင်း၊ ၅နှစ်ကြာခဲ့ပြီးနောက် ပြန်ရောက်လာရသည့်အခါ မိမိအိမ်သို့ ပြန်လာရသကဲ့သို့ ခံစားရသည့်အပြင် စိန်ခေါ်မှုအသစ်များ အတွက်လည်း ကြိုတွေးပြီးဖြစ်ပါကြောင်း ပြောဆိုသွားခဲ့သည်။

မီလန်အသင်းမှာ ယခုရာသီတွင် အဆင့် ၆သာ ရရှိခဲ့သောကြောင့် ဥရောပပြိုင်ပွဲများ ၀င်ရောက်ယှဉ်ပြိုင်ရမည်မဟုတ်ပဲ စီးရီးအေပွဲများကိုသာ ပိုမိုအာရုံစိုက်ရမည် ဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here