Champions League

အမိုးပိတ်ကစားမည့် ဖိုင်နယ်

May 27 , 2017

လာမည့်စနေ ဇွန်လ ၃ရက်နေ့ ကာဒစ်တွင် ကစားမည့် ချန်ပီယံလိဂ် ဖိုင်နယ်ပွဲတွင် အားကစားကွင်းခေါင်မိုးကို ပိတ်၍ ကစားမည်ဟု သိရသည်။

၂၀၁၇ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်တွင် ဂျူဗင်တပ်နှင့် ရီးရဲလ်တို့ ကစားကြမည်ဖြစ်ပြီး လုံခြုံရေးအခြေအနေကို မူတည်၍ အမိုးပိတ် ကစားရန် ဝေလဘောလုံးအဖွဲ့ချုပ်က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

သက်ဆိုင်ရာ အာဏာပိုင်များနှင့် တွေ့ဆုံညှိနှိုင်း၍ ယခုကဲ့သို့ ဆုံးဖြတ်ရခြင်းဖြစ်ပြီး ၂၂ ယောက် သေဆုံးခဲ့ရသော မန်ချက်စတာ အကြမ်းဖက် ဗုံးဖောက်ခွဲမှုဖြစ်ခဲ့ပြီးနောက် လုံခြုံရေးကို အထူးဦးစားပေးလာခြင်း ဖြစ်သည်။

ဝေလဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးက ၎င်းတို့အနေနှင့် ကစားသမားနှင့် ပရိသတ်များ လုံခြုံမှုပိုရစေရေးအတွက် အဘက် ဘက်မှ စဉ်းစားကာ အမိုးကိုလည်း ပိတ်ထားရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ထို့အပြင် ဇွန်လ ၂ရက်နေ့ အသင်းများလေ့ကျင့်ရေးဆင်းနေ ချိန်တွင်လည်း အမိုးပိတ်ကစားရသော ပထမဆုံးချန်ပီယံလိဂ်ဖိုင်နယ်ပွဲဟု ခေါ်ရမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Champions League


Advertisement
Here