EPL News

သက်တမ်းတိုးသော ကွန်တီ

May 27 , 2017

စီးရီးအေကလပ် အင်တာ၏ စိတ်ဝင်စားခြင်းကို ခံရသော်လည်း နည်းပြကွန်တီမှာ ၁နှစ်လုပ်ခပေါင် ၉.၅သန်းဖြင့် ၂၀၂၁ အထိရှိ မည့် သက်တမ်းတိုးစာချုပ်ကို ချဲလ်ဆီးနှင့် ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။

အီတလီသား ကွန်တီမှာ ယခုရာသီအစတွင် ချဲလ်ဆီးသို့ ရောက်ရှိလာခဲ့ပြီး ဥရောပပွဲများ မကစားရသောကြောင့် ပရီးမီးယားလိဂ်ကို ပိုမိုအာရုံစိုက်နိုင်ခဲ့ကာ ချန်ပီယံဖြစ်လာခဲ့သည်။

၁နှစ်တာအကောင်းဆုံးနည်းပြဆုရရှိခဲ့သော ကွန်တီမှာ ယနေ့ည အာဆင်နယ်နှင့် ကစားရမည့် FA ဖလားပွဲတွင် ဗိုလ်စွဲခဲ့ပါက တစ်ရာသီအတွင်း ဖလား ၂လုံးရသူအဖြစ် မှတ်တမ်းဝင်မည် ဖြစ်သည်။

ကွန်တီမှာ ယခုနွေတွင် ဇနီးနှင့် သမီးတို့ကို လန်ဒန်သို့ခေါ်ကာ အခြေချမည်ဟုလည်း ဆိုသည်။

ကွန်တီက မိမိအနေနှင့် ယခုရာသီတွင် များစွာပျော်ရွှင်ခဲ့သကဲ့သို့ ဆက်နေရမည့်အတွက်လည်း များစွာကျေနပ်မိပါကြောင်း နောင်နှစ်ပေါင်းများစွာ ဆက်နေခွင့်ရသွားမည်ဟု ယုံကြည်ပါကြောင်း ပြောဆိုခဲ့သည်။

U Myo Thant




<< Back EPL News


Advertisement
Here