EPL News

မန်ယူတွင် ဗလင်စီယာဆက်နေမည်

May 27 , 2017

အီကွေဒေါကစားသမားတစ်ဦးဖြစ်သူ ဗလင်စီယာမှာ မန်ယူတွင် ၂၀၉ ဇွန်လအထိ ဆက်ရှိနေမည့် သက်တမ်းတိုး စာချုပ်သစ်ကို ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။

ဗလင်စီယာမှာ ၂၀၀၉တွင် ၀ီဂန်မှ မန်ယူသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး ယခုအချိန်ထိ ပြိုင်ပွဲပေါင်းစုံအတွက် ၂၉၁ ပွဲ ကစားကာ ပရီးမီးယားလိဂ်ချန်ပီယံ ၂ကြိမ်၊ EFL ဖလား ၂ ကြိမ်၊ FA ဖလား ၁ကြိမ်နှင့် ယူရိုပါလိဂ်ဖလားကို ၁ကြိမ် ရရှိခဲ့သူ ဖြစ်သည်။

ဗလင်စီယာအနေနှင့် အသင်းသို့နည်းပြသစ် မော်ရင်ဟိုရောက်ရှိလာပြီး နောက်ပိုင်းတွင် အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်လာရပြီး ၂၀၁၆-၁၇ ရာသီအတွင်း စုစုပေါင်း ၄၁ပွဲကို ပွဲဦးထွက် ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့သူ ဖြစ်သည်။

ဗလင်စီယာက မန်ယူဟာ ၂၀၀၉ ကစလို့ "ကျနော့်ဘ၀ဖြစ်ခဲ့ရတာပါ။ အခုလို သက်တမ်းတိုးခွင့်ရတာကိုလည်း ၀မ်းသာဂုဏ်ယူ မိပါတယ်။ ကျနော့်ကို ယုံကြည်မှုပေးခဲ့တဲ့ နည်းပြကိုလည်း ကျေးဇူးတင်ပါတယ်။ လာမယ့်ရာသီမှာ ကျနော်တို့ဟာ ဒီရာသီထက် ပိုမိုအောင်မြင်တဲ့ အသင်းဖြစ်ဖို့ ကြိုးစားသွားကြမှာပါ" ဟု ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back EPL News


Advertisement
Here