EPL News

မန်စီးတီးရောက် ဆေးလ်ဗား

May 27 , 2017

မန်စီးတီးအသင်းသည် ပြင်သစ်အမှတ်ပေးချန်ပီယံ မိုနာကိုအသင်းမှ ကွင်းလယ်ဖန်တီးရှင် ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူ လိုက်ပြီ ဖြစ်သည်။

ပေါ်တူဂီလက်ရွေးစင်လည်းဖြစ်သူ ဆေးလ်ဗားမှာ မန်စီးတီးနှင့် ၅နှစ် သက်တမ်းစာချုပ်ချုပ်ဆိုမည်ဖြစ်ပြီး နည်းပြ ဂွာဒီယိုလာ သဘောကျသော ကစားသမားတစ်ဦး ဖြစ်သည်။

မန်စီးတီးကို ကိုင်တွယ်ခဲ့သည့် ပထမဆုံးရာသီတွင် ဖလားလက်မဲ့ရာသီ ဖြစ်ခဲ့ရသဖြင့် နည်းပြဂွာဒီယိုလာမှာ လာမည့်ရာသီတွင် အောင်မြင်မှုတစ်ခုခုပြနိုင်ရန်အတွက် အပြောင်းအရွှေ့ဈေးကွက်ထဲသို့ စောစီးစွာဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

အသင်းမှ အဓိက ကစားသမားများဖြစ်ခဲ့သော ဇဘာလက်တာ၊ ဆက်ဂနာ၊ ကလစ်ချီ၊ နာဗက်စ်၊ ကာဘယ်လီယိုတို့ကို အသင်းမှ ထွက်ခွာခွင့်ပြုခဲ့ပြီး ၎င်းတို့နေရာများအတွက် သင့်တော်မည့် ကစားသမားများနှင့် ဖြည့်တင်းမည် ဖြစ်သည်။

၂၀၀၀ပြည့်နှစ်နောက်ပိုင်း အမှတ်ပေးချန်ပီယံဘွဲ့ကို ပထမဆုံးပြန်ရနိုင်ခဲ့သည့် မိုနာကိုအတွက် ဆေးလ်ဗားမှာ အဓိက ကစားသမားတစ်ဦး ဖြစ်သည်။

သူသည် ပြိုင်ပွဲပေါင်းစုံအတွက် ၁၁ဂိုးသွင်းယူပေးခဲ့ပြီး ဂိုးရရန် ၁၂ကြိမ် ဖန်တီးပေးပို့ခဲ့သူ ဖြစ်သည်။

၂၀၁၄ တွင် ဘင်ဖီကာမှ မိုနာကိုသို့ ရောက်လာသူ ဆေးလ်ဗားမှာ မန်စီးတီးသို့ ပေါင် ၄၃ သန်းဖြင့် ရောက်လာသူဖြစ်ပြီး မန်စီးတီးအသင်းသမိုင်းတွင် စတုတ္ထမြောက် ဈေးအကြီးဆုံး ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့သည်။

U Myo Thant




<< Back EPL News


Advertisement
Here