EPL News

ဂိုးသမားခေါ်မယ့် မန်စီးတီး

May 29 , 2017

မန်စီးတီးအသင်းမှာ ဘင်ဖီကာမှ ဘရာဇီးသား ဂိုးသမား မိုရေးစ်ကို ခေါ်ယူရန်ကြိုးစားနေကြောင်း သိရသည်။

မန်စီးတီးအနေနှင့် အသင်းမှ ကာဘယ်လီယိုကို လွန်ခဲ့သော သောကြာနေ့က အသင်းမှ ထွက်ခွာခွင့်ပြုခဲ့ပြီး အစားထိုးရန် ကစား သမားသစ်များ ရှာဖွေနေခြင်း  ဖြစ်သည်။

ပြီးခဲ့သော တနင်္ဂနွေနေ့ ပေါ်တူဂီဖလားဖိုင်နယ်တွင် ဗစ်တိုးရီးယားကို ၂-၁ဖြင့် အနိုင်ရခဲ့သော ပွဲအပြီးတွင် ဘင်ဖီကာဂိုးသမား မိုရေးစ်က ထိုပွဲမှာ သူ၏ ဘင်ဖီကာအတွက် ကစားပေးခဲ့သော  နောက်ဆုံးပွဲဖြစ်သွားနိုင်သည်ဟု ပြောဆိုခဲ့သည်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာမှာ မိုနာကိုမှ ၂၂ နှစ်သား ပြင်သစ်နောက်ခံလူ မန်ဒီကို ခေါ်ယူရန်ကိုလည်း ကြိုးစားလျက်ရှိနေသည်။

ဂွာဒီယိုလာအတွက် ပထမဆုံးရာသီတွင် ဖလားလက်မဲ့ဖြစ်ခဲ့ရပြီးနောက် သူသည် လာမည့်ရာသီအတွက် အကောင်းဆုံးဖြစ်စေရန် ကစားသမားချို့ကို အသင်းမှ ထွက်ခွာစေခဲ့ပြီး လူသစ်များနှင့် အစားထိုးသွားလိမ့်မည် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here