Serie-A News

ရိုးမားကိုနုတ်ဆက်တဲ့ တော့တီ

May 29 , 2017

ယမန်နေ့က ဂျီနိုအာနှင့် ကစားခဲ့ရသောပွဲစဉ်တွင် ကစားသမားကြီး တော့တီမှာ ရိုးမားအတွက် နောက်ဆုံးနုတ်ဆက်ပွဲအဖြစ် ၀င်ရောက်ကစားသွားခဲ့သည်။

အိမ်ကွင်း အိုလံပီကိုတွင် ဂျီနိုအာကို ၃-၂ဖြင့် နိုင်ခဲ့သောပွဲစဉ်တွင် တော့တီမှာ ပွဲအစမှ စတင်ပါဝင်ခြင်းမရှိခဲ့ပဲ ပွဲချိန် ၅၄ မိနစ်တွင် ဆာလာအစားဝင်ရောက်ကစားခဲ့ခြင်း ဖြစ်သည်။

ပရိသတ်နှင့် မီဒီယာများက ကျောနံပါတ် ၁၀ ကို ၀တ်ဆင်ကစားသည့် တော့တီကို ဂုဏ်ပြုနုတ်ဆက်ခဲ့ကြသည်။

ပွဲအပြီးတွင် တော့တီမှာ ဇနီးဖြစ်သူ ဘလာစီနှင့် ကလေး ၃ဦးတို့နှင့်အတူ ကွင်းအတွင်းမှနေ၍ ပရိသတ်ကို နုတ်ဆက် စကားပြောဆိုခဲ့သည်။

အသက် ၄၀ရှိပြီဖြစ်သော တော့တီမှာ ၁၉၉၂ မှ ၂၀၁၇ အထိ ရိုးမားတွင် စုစုပေါင်း ၇၈၅ ပွဲကစား ၃၀၇ ဂိုးသွင်းပေးခဲ့ကာ စီးရီးအေ ချန်ပီယံ ၁ကြိမ်၊ ကိုပါအီတာလျံဖလား ၂ကြိမ်နှင့် အီတလီစူပါဖလား ၂ကြိမ် ရရှိခဲ့သူ ဖြစ်သည်။

သူသည် အီတလီလက်ရွေးစင်အသင်းအတွက်လည်း ၁၉၉၈ မှ ၂၀၀၆ အတွင်း ၅၈ ပွဲကစား ၉ဂိုး သွင်းယူပေးခဲ့ကာ ၂၀၀၆တွင် ကမ္ဘာ့ဖလား ရရှိခဲ့သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here