EPL News

တန်းတက်လာသော ဟတ်ဒါးစ်ဖီးလ်

May 30 , 2017

ပရီးမီးယားလိဂ် တန်းတက်ခွင့် Play-Off ဖိုင်နယ်ကို ယမန်နေ့က ၀င်ဘလေကွင်းတွင် ကျင်းပရာ ဟတ်ဒါးစ်ဖီးလ်က ရီးဒင်းကို ပယ်နယ်တီအဆုံးအဖြတ် ၄-၃ဖြင့် အနိုင်ရကာ တန်းတက်လာပြီ ဖြစ်သည်။

ပရိသတ် ၇သောင်းခွဲကျော်လာရောက်အားပေးခဲ့သော ထိုပွဲစဉ်မှာ သာမန်ပွဲကစားချိန် မိနစ် ၉၀ နှင့် အချိန်ပို မိနစ် ၃၀ တို့တွင်ပါ ဂိုးမရှိသရေကျနေသဖြင့် ပယ်နယ်တီ အဆုံးအဖြတ်ရယူရာတွင် ဟတ်ဒါးစ်ဖီးလ်က အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ချန်ပီယံရှစ် အဆင့် ၃ခုရခဲ့သော ရီးဒင်းမှာ အဆင့် ၅ ဟတ်ဒါးစ်ဖီးလ်နှင့် တွေ့ရသည့် ယခုဖိုင်နယ်တွင် ပယ်နယ်တီ ၃လုံးစီ ကန်ပြီးချိန်တွင် ၂-၃ဖြင့် ရီးဒင်းက အသာစီးရနေခဲ့သော်လည်း နောက် ၂လုံးစီကန်ရာ၌ ရီးဒင်းက ၂လုံးစလုံး လွဲချော် ခဲ့သောကြောင့် အနိုင်မှ အရှုံးဘ၀ ရောက်သွားခဲ့ရခြင်း ဖြစ်သည်။

ဟတ်ဒါးစ်ဖီးလ်အသင်းမှာ ၁၉၇၂ နောက်ပိုင်း ပရီးမီးယားလိဂ်သို့ ပထမဆုံးအကြိမ်တက်ရောက်လာနိုင်ခဲ့ခြင်းဖြစ်ပြီး နည်းပြ ၀က်ဂ်နာမှာ အဆင့် ၁၉ ရောက်နေသော ဟတ်ဒါးစ်ဖီးလ်ကို အဆင့် ၅ ရောက်အောင် ဆွဲတင်နိုင်ခဲ့သူဖြစ်ကာ ယခုတန်းတက်ခွင့် ပါရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

အသက် ၄၅ နှစ်ရှိပြီဖြစ်သော ၀က်ဂ်နာမှာ ဂျာမနီလူမျိုးတစ်ဦးဖြစ်ပြီး ဒေါ့မွန်(ခ)အသင်းကို ကိုင်တွယ်ခဲ့ဘူးသူ ဖြစ်သည်။

 

U Myo Thant




<< Back EPL News


Advertisement
Here