EPL News

ဆက်နေမည့် စတမ်း

May 30 , 2017

ပရီးမီးယားတန်းတက် Play-Off ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း ရီးဒင်းနည်းပြ ဂျပ်စတမ်းက ထိုရာထူးတွင် ဆက်ရှိသွား မည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

၁၉၉၂ နှ ၂၀၀၇ အထိ နောက်တန်းကစားသမားတစ်ဦးအဖြစ် ပွဲပေါင်း ၄၁၅ ပွဲကစား ၂၃ ဂိုးသွင်းနိုင်ခဲ့သော စတမ်းမှာ ၂၀၀၉ မှစ၍ နည်းပြဘ၀သို့ တက်လှမ်းခဲ့သော်လည်း ယာယီနှင့် လက်ထောက်နည်းပြဘ၀မျိုးသာဖြစ်ပြီး ရီးဒင်းသို့ ၂၀၁၆ တွင် ရောက်ရှိ လာမှပင် တင်းပြည့်နည်းပြတစ်ဦး ဖြစ်လာသူ ဖြစ်သည်။

ဟော်လန်သား စတမ်းအနေနှင့် ရီးဒင်းကို ချန်ပီယံရှစ် အဆင့် ၃ရသည်အထိ ဦးဆောင်ပေးခဲ့သူဖြစ်သော်လည်း Play-Off ဖိုင်နယ် တွင်မူ ကံမကောင်းအကြောင်းမလှစွာ ရှုံးနိမ့်သွားခဲ့ရသည်။

မန်ယူတွင် ၃နှစ်ကြာကစားခဲ့ဘူးသော စတမ်းမှာ ယခုဖိုင်နယ်တွင် ရှုံးနိမ့်ခဲ့သော်လည်း အသင်းတွင်ဆက်ရှိသွားဦးမည်ဖြစ်ကြောင်း၊ လာမည့်ရာသီတွင် ယခုထက် ပိုမိုအောင်မြင်သော အသင်းဖြစ်လာရန် ကြိုးစားလိုသေးကြောင်း မိမိအသင်းသားများမည်မျှ ကြိုးစား ခဲ့သည်ကို မိမိအသိပင်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back EPL News


Advertisement
Here