EPL News

ဂိုးသမားခေါ်မယ့် ဘုန်းမောက်

May 30 , 2017

ဘုန်းမောက်အသင်းမှာ ချဲလ်ဆီးမှ ဂိုးသမား ဘီဂိုဗစ်ကို ပေါင် ၁၅ သန်းဖြင့် ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရသည်။

ကလပ်အသင်း ၂သင်းအနေနှင့် အပြီးသတ်သဘောတူညီမှုရရှိရန် နီးစပ်နေပြီဟု သိရပြီး ဘီဂိုဗစ်အနေနှင့်လည်း ဘုန်းမောက်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်အတွက် ဆွေးနွေးလျက်ရှိသည်။

၂၉ နှစ်သား ဘီဂိုဗစ်ကို ဘုန်းမောက်အသင်းက လွန်ခဲ့သော ဇန်န၀ါရီလက ကမ်းလှမ်းခဲ့သေးသော်လည်း ထိုစဉ်က ချဲလ်ဆီးနှင့် သဘောတူညီမှုမရခဲ့ပေ။

ဘော့စနီးယားလက်ရွေးစင် ဘီဂိုဗစ်မှာ ဘုန်းမောက်သို့ ပြောင်းရွှေ့ဖြစ်ခဲ့ပါက လက်ရွေးစင်အသင်းဖော်များဖြစ်သော အေကီ၊ ပယ်လ်မာတို့နှင့် ဆုံတွေ့ရမည် ဖြစ်သည်။

ဘုန်းမောက်နည်းပြ ဟိုဂီမှာ ချဲလ်ဆီးအသင်းခေါင်းဆောင်ဖြစ်ခဲ့သူ နောက်ခံကစားသမား တယ်ရီကိုလည်း ခေါ်ယူရန် စိတ်ဝင် စားနေပြီး တယ်ရီအနေနှင့် ရှေ့ရေးကို စဉ်းစားဆုံးဖြတ်ခြင်း မရှိသေးပေ။

ဘီဂိုဗစ်အနေနှင့် လွန်ခဲ့သောရာသီက ချဲလ်ဆီးအတွက် ၈ပွဲသာ ပါဝင်ကစားခွင့်ရခဲ့သဖြင့် ပုံမှန်ကစားခွင့်ရမည့် အသင်းသို့ ပြောင်းရွှေ့လိုနေသူ ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here