Champions League

စိတ်မပူတဲ့ အယ်လီဂရီ

May 30 , 2017

ချန်ပီယံလိဂ်တွင် ရီးရဲလ်နှင့် ယှဉ်ပါက စံချိန်မီမည်မဟုတ်သော်လည်း လာမည့် ဖိုင်နယ်ပွဲအတွက် ပူပင်နေခြင်းမရှိကြောင်း ဂျူဗင်တပ်နည်းပြ အယ်လီဂရီက ပြောဆိုလိုက်သည်။

ယခုရာသီတွင် စီးရီးအေရာသီဆက် ချန်ပီယံဆုနှင့်အတူ ကိုပါအီတာလျံဖလားကိုပါ ရရှိထားသော ဂျူဗင်တပ်အသင်းအနေနှင့် မည်သည့်အသင်းကိုမဆို ယုံကြည်မှုအပြည့်နှင့် ရင်ဆိုင်နိုင်ကြောင်း၊ ယခုလာမည့် ပွဲစဉ်မှာ အရေးကြီးပွဲစဉ်ဖြစ်သကဲ့သို့ မိမိတို့ ရှိသမျှ စွမ်းအားကို အသုံးချ၍ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ဗိုလ်လုပွဲအဆင့်သို့ ခေါ်ဆောင်လာနိုင်ပြီဖြစ်၍ မိမိများစွာ ဂုဏ်ယူ သကဲ့သို့ မိမိတို့ မျှော်လင့်ချက်များပြည့်မီရန်ကိုလည်း အားထုတ်သွားမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

ဂျူဗင်တပ်အသင်းမှာ ထိပ်တန်းအဆင့် ဗိုလ်လုပွဲများ၏ နောက်ဆုံး ၈ပွဲတွင် အနိုင် ၂ပွဲသာရှိခဲ့ပြီး ယင်း ၈ပွဲထဲမှ နောက်ဆုံး ၄ပွဲ မှာ ရှုံးပွဲများသာ ဖြစ်ခဲ့သည်။

ဂျူဗင်တပ်နောက်ဆုံး ရှုံးနိမ့်ခဲ့သည်မှာ ၂၀၁၅ တွင် ဘာစီလိုနာကို ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

အကယ်၍ လာမည့် ၃ရက်နေ့ ဗိုလ်လုပွဲတွင် ဂျူဗင်တပ် ရှုံးနိမ့်ခဲ့ပါက ရီးရဲလ်မှာ ချန်ပီယံလိဂ်တွင် ပထမဆုံးသော ၂နှစ် ဆက် တိုက် ချန်ပီယံအသင်းအဖြစ် စံချိန်တင်မည် ဖြစ်သည်။

U Myo Thant




<< Back Champions League


Advertisement
Here