EPL News

၂နှစ်ဆက်နေဦးမည့် ၀င်းဂါး

May 31 , 2017

ယခုနှစ်တွင် FA ဖလားရခဲ့သော အာဆင်နယ်အသင်းမှာ နည်းပြ ၀င်းဂါးကို နောက်ထပ် ၂နှစ် ဆက်လက်ခန့်ထားရန် သဘောတူလိုက်ပြီ ဖြစ်သည်။

အာဆင်နယ်အနေနှင့် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့် လက်လွှတ်ခဲ့ရသော်လည်း FA ဖလားကိုရရှိခဲ့၍ အနည်းငယ် အသက်ရှုချောင်ခဲ့ရသည်။

၁၉၉၆ ခုနှစ်တွင် အာဆင်နယ်သို့ စတင်ရောက်ရှိခဲ့သော ၀င်းဂါးမှာ ၂၁ နှစ်တာ ကာလအတွင်း အသုံးစရိတ်ပေါင်သန်း  ၇၀၀သုံးစွဲခဲ့ပြီး ခေါ်ယူခဲ့သော ကစားသမားပေါင်း ၁၆၂ ဦးရှိခဲ့ကာ အောင်မြင်မှုအဖြစ်  စုစုပေါင်း ဖလား ၁၆ လုံး ရရှိခဲ့သည်။

အာဆင်နယ်ကို ရာသီပြည့် ပထမဆုံးကိုင်တွယ်ခဲ့သည့် ကာလက ၀င်းဂါးမှာ ပရီးမီးယားဖလားနှင့် FA ဖလားတို့ကို တစ်ပြိုင် တည်းရရှိခဲ့သူဖြစ်ပြီး ပထမ၁၀ နှစ်အတွင်း ပရီးမီးယားဖလား ၃ကြိမ်၊ FA ဖလား ၄ကြိမ် ရရှိကာ အောင်မြင်သူအဖြစ် ရပ် တည်နိုင်ခဲ့သည်။

သို့သော်  ချဲလ်ဆီးသို့ မော်ရင်ဟိုရောက်လာသည့်နောက်ပိုင်းတွင် အာဆင်နယ်မှာ ရုန်းကန်လာခဲ့ရပြီး မန်စီးတီးပါ အင်အားကြီး ထွားလာသည့်နောက်တွင် အာဆင်နယ်မှာ ဖလားလက်မဲ့ရာသီများစွာနှင့် ကြုံတွေ့လာခဲ့ရသည်။

ပရီးမီးယားလိဂ်ဟူ၍ ခေါ်တွင်လာသည့်နောက်ပိုင်းတွင် ဖာဂူဆန်မှာ ပွဲ ၈၁၀ တွင် နိုင်ပွဲ ၅၂၈ ပွဲဖြင့် အအောင်မြင်ဆုံးဖြစ်ခဲ့ပြီး ကိုင်တွယ်ရသည့်ပွဲများအလိုက် အမှတ်ရမှုတွင် အန်ဆလော့တီက ဒုတိယ၊ မော်ရင်ဟိုက တတိယ၊ မန်ချီနီက စတုတ္ထနှင့် ၀င်းဂါးက ပဉ္စမနေရာတို့တွင် ရပ်တည်နိုင်ခဲ့ကြသည်။

U Myo Thant




<< Back EPL News


Advertisement
Here