EPL News

ဆိုလန်ကီကိုခေါ်မယ့် လီဗာပူး

May 31 , 2017

လီဗာပူးအသင်းမှာ ချဲလ်ဆီးကစားသမား ဆိုလန်ကီကိုခေါ်ယူရန် သဘောတူညီမှုရခဲ့ပြီဟု သိရသည်။

အင်္ဂလန် ယူ-၂၁ တိုက်စစ်မှုးဖြစ်သူ ဆိုလန်ကီမှာ သူနှင့် ချဲလ်ဆီးတို့ စာချုပ်သက်တမ်းကုန်ဆုံးမည့် ဇူလိုင်လတွင် နည်းပြ ကလော့ပ်၏ လီဗာပူးအသင်းသို့ ရောက်ရှိလာမည် ဖြစ်သည်။

အသက် ၁၉ နှစ်အရွယ် ဆိုလန်ကီမှာ ခြေစွမ်းပြလာနိုင်သော ကစားသမားတစ်ဦးဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ် ယူနိုင်မည်မဟုတ်ပဲ ပေါင် ၃သန်း ၀န်းကျင်ခန့်ပေးချေရမည် ဖြစ်သည်။

ဆိုလန်ကီမှာ လီဗာပူးနှင့် သဘောတူညီမှုရခဲ့ပြီးနောက် စိန်ခေါ်မှုအသစ်များအတွက် ရင်ခုန်နေကြောင်း သိရသည်။

သူသည် ၂၀၁၄ အောက်တိုဘာလ ချန်ပီယံလိဂ်ပွဲစဉ်တွင် လူစားဝင်ကစားပြီး အသင်းကြီးကစားသမားဘ၀သို့ ပထမဆုံးရောက် ရှိခဲ့သူ ဖြစ်သည်။

၂၀၁၅-၁၆တွင် ဟော်လန်ကလပ် ဗီတက်ဆီတွင် အငှားကစားသမားဘ၀ဖြင့် ၂၅ပွဲကစား ၇ဂိုးသွင်းယူပေးနိုင်ခဲ့သူ ဖြစ်သည်။

ထို့အပြင် သူသည် အင်္ဂလန် ယူ-၁၆ လက်ရွေးစင်အဖြစ်မှ သက်တမ်းအလိုက် ယူ-၂၁ လက်ရွေးစင်အဖြစ်ထိ ပါဝင်ကစားခဲ့ရကာ လောလောဆယ်တွင် တောင်ကိုးရီးယား၌ ကျင်းပနေသော ကမ္ဘာ့ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အတွက် ကစားပေးလျက်ရှိနေသည်။

U Myo Thant




<< Back EPL News


Advertisement
Here