EPL News

ဒီဂီရာကို ဆက်ထိန်းမယ့် မန်ယူ

May 31 , 2017

ရီးရဲလ်အသင်းအနေနှင့် ဂိုးသမား ဒီဂီရာကိုခေါ်ယူရန် သတင်းကြီးနေသော်လည်း မန်ယူက ဒီဂီရာကို ဆက်ထိန်းထားနိုင်ရန် ကြိုးစားသွားမည်ဟု ဆိုသည်။

ဒီဂီရာမှာ လွန်ခဲ့သော ၂ရာသီခန့်က ရီးရဲလ်သို့ ရောက်လုနီးပါးဖြစ်ခဲ့သေးသော်လည်း သဘောတူညီမှုမရပဲ ပျက်ပြားခဲ့ရပြီး  ယခုနွေတွင်မူ သေချာပေါက် ပြောင်းလိမ့်မည်ဟု သတင်းအချို့က အခိုင်အမာ ဆိုနေကြသည်။

ဒီဂီရာမှာ မန်ယူ၏ ရာသီသိမ်းပွဲစဉ်အချို့တွင် မပါဝင်ခဲ့သောကြောင့် နည်းပြမော်ရင်ဟိုနှင့် အဆင်မပြေသောကြောင့်ဟု သတင်းထွက်လာသကဲ့သို့ အသင်းပြောင်းရန်ကိုလည်း ဆုံးဖြတ်ပြီးသား ဖြစ်လိမ့်မည် ဟုဆိုသည်။

မန်ယူအသင်းအနေနှင့် အက်သလက်တီကိုတိုက်စစ်မှုး ဂရစ်ဇ်မန်းကိုခေါ်ယူရန်အသည်းအသန်ကြိုးစားနေသော်လည်း ထူးခြားသော တိုးတတ်မှုမျိုး မတွေ့ရသေးပေ။

မန်ယူအသင်းမှ နံပါတ်နှစ် ဂိုးသမား ရိုမီယိုမှာ ရာသီသိမ်းပွဲစဉ်နှင့် ယူရိုပါလိဂ်ဖိုင်နယ်ပွဲတို့၌ အစွမ်းပြနိုင်ခဲ့ပြီး အဓိက ဂိုးသမားနေရာနှင့် ထိုက်တန်ကြောင်း သက်သေပြခဲ့သည်။

စပိန်သား ဒီဂီရာမှ ၂၀၀၈-၀၉တွင် အက်သလက်တီကို(ခ)အသင်းတွင် ပါဝင်ခဲ့ပြီး ၃၅ ပွဲကစားခဲ့ကာ ၂၀၀၉မှ ၂၀၁၁အထိ အက်သလက်တီကို အသင်းကြီးအတွက် ၈၄ပွဲ ပါဝင်ပေးခဲ့သည်။

၂၀၁၁တွင် မန်ယူသို့ ရောက်လာသော ဒီဂီရာမှာ စုစုပေါင်း ၂၆၉ ပွဲကစားပေးခဲ့ကာ မန်ယူ၏ ၁နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ရခဲ့သူဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here