Serie-A News

ဖရန်ဆက်စကိုကို ထောက်ခံသူ

May 31 , 2017

ရိုးမားနည်းပြဟောင်း စပါလက်တီက ဆက်ဆူအိုလိုနည်းပြ ဖရန်ဆက်စကိုမှာ ရိုးမားနည်းပြတာဝန်နှင့် သင့်တော်သူတစ် ဦးဖြစ်ကြောင်း ပြောဆိုလိုက်သည်။

စပါလက်တီမှာ လွန်ခဲ့သော ရက်ပိုင်းအတွင်း ရိုးမားနည်းပြအဖြစ်မှ နုတ်ထွက်ခဲ့သူ ဖြစ်သည်။

အသက် ၅၈နှစ်ရှိပြီဖြစ်သော စပါလက်တီမှာ ရိုးမားကို ဒုတိယအကြိမ်မြောက်ပြန်လည်ကိုင်တွယ်ခဲ့ရာတွင် ဇယားထိပ်မှ ဂျူဗင်တပ်နှင့် ၄မှတ်အကွာ ဒုတိယနေရာအထိ ရောက်ရှိနိုင်ခဲ့သည်။

စပါလက်တီက ဆက်ဆူအိုလိုနည်းပြ ဖရန်ဆက်စကိုနှင့် မီလန်မှ မွန်တဲလားတို့မှာ ရိုးမားနည်းပြနေရာနှင့် ထိုက်တန်သူ များဖြစ်ကြောင်း၊ မွန်တဲလားမှာ မီလန်နှင့် ၂နှစ်သက်တမ်းတိုး စာချုပ်သစ်ချုပ်ဆိုလိုက်ခြင်းကြောင့် ရေပန်းစားသူအဖြစ် ဖရန်ဆက်စကိုသာ ကျန်ရှိနေခြင်း ဖြစ်သည်။

ဖရန်ဆက်စကိုမှာ ရိုးမားကစားသမားဟောင်းတစ်ဦးဖြစ်ခဲ့ပြီး ဆက်ဆူအိုလိုကို ကိုင်တွယ်ခဲ့ရာတွင် စီးရီးဘီမှ စီးရီးအေသို့ တန်း တက်စေနိုင်ခဲ့ကာ  ၅ နှစ်ကြာ နည်းပြသက်တမ်းအတွင်း ဆက်ဆူအိုလိုကို ယူရိုပါလိဂ်ဝင်ခွင့် ရရှိစေခဲ့သူလည်း ဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here