EPL News

ထွက်ချင်တဲ့ မာရက်ဇ်

May 31 , 2017

အယ်လ်ဂျီးရီးယားလက်ရွေးစင်တစ်ဦးဖြစ်သူ မာရက်ဇ်မှာ လက်စတာအသင်းမှ ထွက်ခွာလိုနေပြီး အာဆင်နယ်၊ မိုနာကိုစသည့် အသင်းများနှင့် ချိတ်ဆက်နေကြောင်း သိရသည်။

မာရက်ဇ်မှာ ၂၀၁၅-၁၆ ပရီးမီးယားချန်ပီယံဖြစ်ရေးတွင် လက်စတာအတွက် အဓိကကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့သော်လည်း ယခုအခါတွင်မူ အသင်းသစ်ကို ရှာဖွေနေပြီ ဖြစ်သည်။

၂၆ နှစ်သား တောင်ပံကစားသမား မာရက်ဇ်ကို မိုနာကိုနှင့် အာဆင်နယ် ၂သင်းလုံးက စိတ်ဝင်စားသော်လည်း အခြေအနေကို စောင့်ကြည့်နေဆဲ ဖြစ်သည်။

အသင်းမှ ထွက်လိုကြောင်း လက်စတာကို အသိပေးခဲ့ပြီးသည့်နောက် အသင်းက မာရက်ဇ်၏ ပြောင်းရွှေ့ကြေးကို ပေါင် ၃၅ သန်းဟု သတ်မှတ်လိုက်ကြောင်းလည်း သိရသည်။

မာရက်ဇ်က သူ့အနေနှင့် အသင်းဥက္ကဋ္ဌ အပါအ၀င်အားလုံးနှင့် ဆက်ဆံရေးပြေလည်ပါကြောင်း၊ အသင်းပြောင်းလိုသည်မှာ အဆင်မပြေမှုများရှိနေခြင်းကြောင့် မဟုတ်ပဲ စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်လို၍သာဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back EPL News


Advertisement
Here