La-liga News

အကောင်းဆုံး၁၀ ဦးထဲမှ ဘေးလ်

Jun 01 , 2017

ဗြိတိသျှအကောင်းဆုံးကစားသမား ၁၀ဦးထဲတွင် ဝေလနှင့် ရီးရဲလ် တိုက်စစ်မှုး ဘေးလ်မှာလည်း တစ်ဦးအပါအ၀င်ဖြစ်ကြောင်း ဘောလုံးသမားကြီး ဂယ်ရီလိုင်နီကာက ပြောဆိုလိုက်သည်။

ဘေးလ်မှာ ပြောင်းရွှေ့ကြေး ပေါင် ၈၅သန်းဖြင့် ၂၀၁၃တွင် စပါးမှ ရီးရဲလ်သို့ ရောက်ရှိခဲ့ပြီးနောက် လာလီဂါဖလား၊ စပိန်ဘုရင့်ဖလားနှင့် ချန်ပီယံလိဂ်ဖလား (၂ကြိမ်)တို့ကို ရရှိခဲ့သူ ဖြစ်သည်။

၂၇ နှစ်သား ဘေးလ်မှာ ရီးရဲလ်အတွက် စုစုပေါင်း ၁၄၉ ပွဲ ကစားပေးခဲ့ရာတွင် ၆၇ ဂိုး သွင်းယူပေးနိုင်ခဲ့သူဖြစ်ပြီး ဘောလုံး သတင်းဝေဖန်ရေးသမားတစ်ဦးအဖြစ် တာဝန်ယူနေသည့် လိုင်နီကာက ဘေးလ် ထိုမှတ်တမ်းများကြောင့် အကောင်းဆုံး ၁၀ဦး စာရင်းထဲသို့ ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း ရီးရဲလ်အတွက် အကောင်းဆုံး ကြိုးစားပေးသကဲ့သို့ ဝေလလက်ရွေးစင်အသင်း အတွက်လည်း မရှိမဖြစ် ကစား သမားတစ်ဦးဟု ဆိုရမည်ဖြစ်ကြောင်း ယခုရာသီတွင်  ဒဏ်ရာကြောင့် စိတ်တိုင်းကျပါဝင် ကစားနိုင်ခြင်းမရှိသည်မှာ အသင်းအတွက်လည်း နစ်နာစရာဖြစ်ခဲ့ရကြောင်း၊ သို့သော် သူသည် ကမ္ဘာ့အဆင့် ကစားသမား တစ်ဦးဆိုသည်ကိုမူမငြင်းနိုင်ကြောင်း ပြောဆိုသွားခဲ့သည်။

ရီးရဲလ်အသင်းမှာ လာမည့်စနေညတွင် ဂျူဗင်တပ်နှင့် ချန်ပီယံလိဂ်ဖိုင်နယ်ကစားရမည်ဖြစ်ပြီး ဘေးလ်မှာ ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ရန် မသေချာသေးကြောင်း သိရသည်။

U Myo Thant




<< Back La-liga News


Advertisement
Here