La-liga News

တိုးတက်လာမယ်ဆိုတဲ့ ဗယ်ဗာဒီ

Jun 01 , 2017

ဘာစီလိုနာနည်းပြသစ် ဗယ်ဗာဒီက သူ့အနေနှင့် အသင်းကို အအောင်မြင်ဆုံးအသင်းအဖြစ် ပြန်လည်ပုံဖော်နိုင်ရန် ကြိုးစားသွားမည်ဟု ပြောဆိုလိုက်သည်။

ဘီဘာအိုအသင်းမှ ပြောင်းရွှေ့လာခဲ့သော ဗယ်ဗာဒီမှာ ဘာစီလိုနာကစားသမားဟောင်းတစ်ဦးဖြစ်ပြီး အသင်းတိုးတက်ရေး အတွက် အစွမ်းကုန်အားထုတ်မည်ဟု ဆိုလိုက်သည်။

ယခင်နည်းပြ အင်းနရစ်ခ်ျမှာ ဘာစီလိုနာကို စပိန်ဘုရားဖလားရစေခဲ့သော်လည်း ထိုဖလားပွဲမတိုင်မီမှာပင် နည်းပြ အပြောင်းအလဲလုပ်တော့မည်ကို ကြိုသိခဲ့သူ ဖြစ်သည်။

ဘာစီလိုနာအနေနှင့် ယခုရာသီလာလီဂါတွင် ရီးရဲလ်ထက် တိုက်စစ်ပိုကောင်းကာ  ဂိုးပိုသွင်းနိုင်ခဲ့သော်လည်း ၃မှတ်လျော့ နည်းကာ ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။

ဗယ်ဗာဒီက မိမိအနေနှင့် လာမည့် ၂၀၁၇-၁၈ရာသီအတွက် စိတ်လှုပ်ရှားနေပြီးဖြစ်ကြောင်း ဘာစီလိုနာကဲ့သို့သော အသင်း မျိုးကို ကိုင်တွယ်ခွင့်ရခဲ့သည်မှာ ကြီးမားလှသည့် စိန်ခေါ်မှုကြီးပင်ဖြစ်ကြောင်း၊ သို့သော်လည်း မိမိတို့သည် ကိုယ့်ကိုယ့်ကို ယုံ ကြည်မှုအပြည့်ရှိနေကြောင်း ပြောဆိုသွားခဲ့သည်။

ဗယ်ဗာဒီမှာ ဘာစီလိုနာတွင် ၁၉၈၈ မှ ၁၉၉၀ အထိ ၂နှစ်ကြာ ကစားခဲ့သူ ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here