EPL News

အသုံးကြမ်းတော့မည့် မန်စီးတီး

Jun 01 , 2017

မန်စီးတီးအသင်းမှာ လာမည့်ရာသီယှဉ်ပြိုင်ရမည့် ပြိုင်ပွဲ ၄ရပ်အတွက် အတောင့်တင်းဆုံး လူအင်အားဖြစ်စေရန် စိတ်ကြိုက် ကစားသမားများကို ခေါ်ယူနိုင်ရေး ပြင်ဆင်လျက်ရှိနေသည်။

ပြီးခဲ့သော ၂၀၁၆-၁၇ ရာသီတွင် ဖလားလက်မဲ့ဖြစ်ခဲ့သဖြင့် လာမည့် ၂၀၁၇-၁၈၌ ဆုဖလားများရနိုင်ရေးအတွက် စိတ်ကြိုက် ကစားသမားများအတွက် စိတ်ကြိုက်ဈေးပေးမည်ဟု ဆိုသည်။

ပရီးမီးယားဖလား၊ FA ဖလား၊ EFL ဖလားနှင့် ချန်ပီယံလိဂ်ဖလားပြိုင်ပွဲများတွင် ပါဝင်ရမည့် မန်စီးတီးမှာ လောလောဆယ် ကစားသမားအပြောင်းအရွှေ့အတွက် ပေါင် သန်း ၂၅၀ သုံးစွဲခွင့်ပေးထားကာ နည်းပြ ဂွာဒီယိုလာမှာ ကီလီယန်၊ ဆန်းချက်ဇ်၊ ဝေါ်လ်ကာ၊ မန်ဒီစသော ကစားသမားများကို စောင့်ကြည့်လျက်ရှိသည်။

မန်စီးတီးမှာ မိုနာကိုမှ ဆေးလ်ဗားကို ခေါ်ယူထားခဲ့ပြီး ဘင်ဖီကာဂိုးသမား မိုရေးစ်မှာလည်း ရောက်လာတော့မည်ဟု ဆိုသည်။

ဂွာဒီယိုလာအနေနှင့် မိုနာကိုနောက်ခံလူ မန်ဒီ၊ တိုက်စစ်မှုး ကီလီယန်၊ အာဆင်နယ်မှ ဆန်းချက်ဇ်၊ စပါးမှ ဝေါ်လ်ကာတို့ကိုလည်း ခေါ်ယူလိုသည်ဟု ဆိုသည်။

U Myo Thant




<< Back EPL News


Advertisement
Here