Champions League

ဘူဖွန်အကြောင်းပြောတဲ့သူ

Jun 01 , 2017

ဂျူဗင်တပ် အသင်းသာ ချန်ပီယံလိဂ်တွင် ဗိုလ်စွဲနိုင်ခဲ့ပါက ဂျုဗင်တပ်ဂိုးသမား ဘူဖွန်မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံး သမားဆုကို ရသင့်ကြောင်း အသင်းဖော်ဟောင်း ပီယာလိုက ပြောဆိုလိုက်သည်။

ဂျူဗင်တပ်အသင်းမှာ လာမည့်စနေနေ့တွင် ရီးရဲလ်နှင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကစားရမည်ဖြစ်ပြီး အမေရိကန်မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးတွင် ကစားနေသော ဂျူဗင်တပ်ကစားသမားဟောင်း ပီယာလိုက ဘူဖွန်ကဲ့သို့သော ဂိုးသမားမျိုးအနေနှင့် ထိုဆုကို ထိုက်တန်စွာရရှိသင့်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဂျူဗင်တပ်အနေနှင့် ယခုရာသီ ချန်ပီယံလိဂ်တွင် ပေးဂိုးအနည်းဆုံးအသင်းဖြစ်ပြီး အုပ်စုအဆင့်မှ ဗိုလ်လုပွဲရောက်သည်အထိ ပေးဂိုး ၃ဂိုးသာရှိခဲ့သည်။

ဂျူဗင်တပ်အနေနှင့် ချန်ပီယံလိဂ်တွင် ရီးရဲလ်ကဲ့သို့ အောင်မြင်မှုစံချိန်မများသော်လည်း ယခုရာသီ ခြေစွမ်းများကြောင့် ဘောလုံးဝေဖန်သူများ၏ လေးစားမှုကို ခံလာရသည့်အသင်းဖြစ်သည်။

ဖီဖာ ၁နှစ်တာ အကောင်းဆုံးကစားသမားဆုကို  လွန်ခဲ့သည့် ၉နှစ်တာအတွင်း စီရိုနယ်ဒိုနှင့် မက်ဆီတို့ကသာ  အလှည့်ကျ ရနေခဲ့ပြီး ဂိုးသမားများထဲမှ ထိုဆုကို ရခဲ့သည်မှာ တစ်ဦးသာရှိခဲ့ကာ ၁၉၆၃ ခုနှစ်က ဒိုင်နမို မော်စကို ဂိုးသမား လက်ဗ်ယာရှင်က ရရှိခဲ့ခြင်း ဖြစ်သည်

U Myo Thant




<< Back Champions League


Advertisement
Here