EPL News

သက်တမ်းတိုးသော တိုရေး

Jun 02 , 2017

မန်စီးတီး ကွင်းလယ်ကစားသမား တိုရေးမှာ အသင်းနှင့် ၁နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။

တိုရေးမှာ မန်စီးတီး၏ ပရီးမီးယားဖလား ၁လုံး၊ EFL ဖလား ၂လုံးတို့ ရရှိရေးတွင် ပါဝင်ခဲ့သူဖြစ်ပြီး ၃၅ နှစ်ကြာ ဖလားလက်မဲ့ ဘ၀အဆုံးသတ်ခဲ့သည့် ၂၀၁၁ FA ဖလားဗိုလ်လုပွဲတွင် စတုတ်အသင်းဘက်သို့ အနိုင်ဂိုးသွင်းပေးခဲ့သူလည်း ဖြစ်သည်။

သို့သော် အသက် ၃၄ နှစ်ရှိပြီဖြစ်သော တိုရေး၏ ရှေ့ရေးမှာ နည်းပြ ဂွာဒီယိုလာရောက်လာခဲ့ပြီးနောက် မသေချာမရေ ရာဖြစ်ခဲ့ရပြီး အသင်းပြောင်းရတော့မည်ဟု သတင်းထွက်ခဲ့သူ ဖြစ်သည်။

တိုရေးအနေနှင့် ၂၀၁၆-၁၇ ရာသီ အစ လေ့ကျင့်ရေးဆင်းချိန်တွင် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့ပြီး ပွဲဦးထွက် ကစား သမားအဖြစ် ပါဝင်ကစားခဲ့ရသည့် နိုဝင်ဘာလ ခရစ္စတယ်ပဲလေ့စ်ကို ၂-၁ဖြင့် နိုင်သောပွဲ၌ ၂ဂိုးလုံးကို သွင်းယူပေး ခဲ့သည်။

ယင်းနောက်တွင်  တိုရေးမှာ ဂွာဒီယိုလာ၏ ဦးစားပေး လူစာရင်းတွင် ပြန်လည်ပါဝင်လာခဲ့ပြီး ယခု နောက်ဆုံးတွင် သက်တမ်း တိုးခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

သူသည် လက်ရှိအချိန်ထိ မန်စီးတီးအတွက် ၂၉၉ ပွဲကစား ၈၁ ဂိုး သွင်းယူပေးထားခဲ့ပြီး ပရီးမီးယားချန်ပီယံဖြစ်ခဲ့သည့် ၂၀၁၃-၁၄ ရာသီတွင် ဂိုး ၂၀ သွင်းယူပေးနိုင်ခဲ့သည်။

စာချုပ် စေ့သွားသော ကစားသမားများထဲတွင် တိုရေး တစ်ဦးသာ မန်စီးတီးတွင် ဆက်ရှိနေဦးမည် ဖြစ်သည်။

 

U Myo Thant




<< Back EPL News


Advertisement
Here