EPL News

ဝင်ငွေကောင်းသော EPL ကလပ်များ

Jun 02 , 2017

ရုပ်/သံထုတ်လွှင့်ခွင့်နှင့် လိဂ်၏ စီးပွားရေးဆိုင်ရာဝင်ငွေတိုးတက်လာမှုကြောင့် ၂၀၁၆-၁၇ အတွက် ပရီးမီးယားကလပ်များမှာ ၀င်ငွေခွဲတမ်း ပိုမိုရရှိခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ်တွင် အဆင့်အနိမ့်ဆုံးအသင်းအဖြစ်နှင့် အဆင့် ၂၀ သာ ရရှိကာ တန်းဆင်းရသော ဆန်းဒါးလန်းသည်ပင် ဆွဲတမ်းအဖြစ် ပေါင် ၉၃.၄သန်းရရှိခဲ့ပြီး ချန်ပီယံဖြစ်ခဲ့သော ချဲလ်ဆီးအသင်းက ပေါင် ၁၅၁သန်း နီးပါးရရှိခဲ့သည်။

ရုပ်/သံ တိုက်ရိုက်ထုတ်လွှင့်ခွင့်တွင် ချဲလ်ဆီးက  မန်စီးတီး၊ မန်ယူနှင့် အတူ ၂၈ ပွဲစီရှိခဲ့ပြီး လီဗာပူးက ၂၉ ပွဲရှိခဲ့သည်။

ရုပ်/သံ တိုက်ရိုက်ထုတ်လွှင့်မှုမှ ၁ပွဲလျှင် ပေါင် ၁၂သန်းကျော်ရရှိပြီး အမှတ်ပေးဇယားတွင် အဆင့်လိုက်ခွဲဝေပေးရာ၌ အဆင့် ၂၀ ဆန်းဒါးလန်းက ပေါင် ၃၈ သန်းရရှိခဲ့သည်။

၂၀၁၆-၁၇ အတွက် ခွဲတမ်းရရှိမှုအဆင့်တွင် ချဲလ်ဆီးက အများဆုံးဖြစ်ပြီး မန်စီးတီးက ၂ ၊ လီဗာပူး ၃ ၊ စပါး ၄ ၊ မန်ယူ ၅ ၊ အာဆင်နယ် ၆ ၊ အဲဗာတန် ၇ ၊ ဆောက်သင်တန် ၈ ၊ ဘုန်းမောက် ၉ ၊ ၀က်စ်ဟမ်း ၁၀တို့က ထိပ်ဆုံး ၁၀သင်းစာရင်းဝင်များအဖြစ် ပါဝင်ခဲ့ကြသည်။

U Myo Thant




<< Back EPL News


Advertisement
Here