EPL News

နောက်ခံလူခေါ်မယ့် မန်ယူ

Jun 02 , 2017

မန်ယူအသင်းမှာ လွန်ခဲ့သော ရာသီကတည်းကပင် ခေါ်ယူလိုခဲ့သာ ဘင်ဖီကာ နောက်ခံလူ လင်ဒီယိုကို ပေါင် ၂၅ သန်းဖြင့် ကမ်းလှမ်းထားကြောင်း သိရသည်။

ပေါ်တူဂီသတင်းစာများက လင်ဒီယိုမှာ မန်ယူသို့ ပြောင်းရွှေ့ရန် စိတ်အားထက်သန်နေကြောင်း ဖော်ပြခဲ့ပြီး မန်ယူနည်းပြ မော်ရင်ဟိုက ပြောင်းရွှေ့ကြေးပေါင်သန်း ၃၀၊ ဆုကြေးအဖြစ် ပေါင် ၅သန်းတို့ဖြင့် ကနဦးကမ်းလှမ်းခဲ့သည်ဟု ဆိုသည်။

ဆွီဒင်သားဖြစ်သူ လင်ဒီယိုနှင့် မန်ယူတို့မှာ ပုဂ္ဂိုလ်ရေးဆိုသင်ရာ သဘောတူညီမှုရပြီးဖြစ်သည်ဟု အတည်မပြုရသေးသော သတင်းအချို့တွင် ဖော်ပြခဲ့သည်။

၂၅ နှစ်သား လင်ဒီယိုမှာ ရီးရဲလ်၊ ဘာစီလိုနာ၊ နယူးကာဆယ်တို့၏ စိတ်ဝင်စားခြင်းကိုလည်း ခံနေရပြီး မည်သည့်အသင်းသို့ ရောက်ရှိမည်ကို မကြာမီ သိရှိရမည် ဖြစ်သည်။

မန်ယူအသင်းမှာ လွန်ခဲ့သော ၂၀၁၆-၁၇ ရာသီတွင် နောက်တန်းကစားသမားများ ဒဏ်ရာကြောင့် နားရသည့်အတွက် ကွင်းလယ်ကစားသမားများက နောက်တန်းကို ဆင်းကစားရသည်အထိ ဒုက္ခများခဲ့သောကြောင့် ယခုအပြောင်းအရွှေ့တွင် နောက်တန်းအင်အားကို အဓိကဖြည့်သွားလိမ့်မည် ဖြစ်သည်။

 

U Myo Thant




<< Back EPL News


Advertisement
Here