EPL News

ရေရှည်နည်းပြရှာနေသော ပဲလေ့စ်

Jun 03 , 2017

ပရီးမီးယားလိဂ်ကလပ် ခရစ္စတယ်ပဲလေ့စ်အသင်းမှာ အသင်းအတွက် ရေရှည်တာဝန်ပေးသွားနိုင်မည့် နည်းပြမျိုးကို ရှာဖွေနေကြောင်း အသင်းဥက္ကဋ္ဌ ပါရစ်ရှ်က ပြောဆိုလိုက်သည်။

ပဲလေ့စ်အသင်းမှာ လွန်ခဲ့သော ၇နှစ်အတွင်း နည်းပြ ၇ဦး အပြောင်းအလဲဖြစ်ခဲ့ပြီး နောက်ဆုံး နည်းပြဖြစ်သော ဆမ်အလာဒိုက်စ် မှာ လွန်ခဲ့သည့် မေလ ၂၃ ရက်နေ့က တာဝန်မှ နုတ်ထွက်သွားခဲ့သည်။

အသင်းဥက္ကဋ္ဌက သူ့အနေနှင့် ခေတ္တခဏသာ တာဝန်ယူနိုင်သော နည်းပြမျိုးကို မလိုချင်တော့သကဲ့သို့ အသင်းအတွက် အမှန် တကယ်အားကိုးထိုက်သော နည်းပြမျိုးကိုလည်း ဖြစ်သင့်ပါကြောင်း ပြောဆိုသွားခဲ့သည်။

နောက်ဆုံး တာဝန်ယူခဲ့သော ဆမ်အလာဒိုက်စ်မှာ လွန်ခဲ့သော ဒီဇင်ဘာလတွင် အလန်ပါဂျူးကို ဆက်ခံကာ ပဲလေ့စ်နည်းပြ တာဝန်ကို ယူခဲ့ပြီး ထိုအချိန်က တန်းဆင်းဇုန်ထက် ၁မှတ်သာ အသာစီးရထားသော အနေအထားမှ ၂၁ပွဲတွင် ၈ပွဲနိုင်အောင် ဦးဆောင်ခဲ့ကာ ရာသီသိမ်းချိန်တွင် အဆင့် ၁၄ ရရှိစေခဲ့သည်။

U Myo Thant




<< Back EPL News


Advertisement
Here