Serie-A News

ဆုရသော တော့တီ

Jun 03 , 2017

အသက် ၄၀ ရှိပြီဖြစ်ပြီး အီလတီလက်ရွေးစင်ဟောင်းတစ်ဦးဖြစ်ကာ ရိုးမားတွင် နှစ်ပေါင်းများစွာ တာဝန်ကျေခဲ့သူ တိုက်စစ်မှုး တော့တီကို UEFA ဥက္ကဋ္ဌ ဆီရီဖင်က ဥက္ကဋ္ဌပေးအပ်သည့် ဆုဖြင့် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တော့တီမှာ ၂၀၁၆-၁၇ စီးတီးအေရာသီသိမ်းပွဲစဉ် ၃၈ အဖြစ် ဂျီနိုအာနှင့် ကစားစဉ် သူ၏ ရိုးမားအတွက်  ၇၈၆ ပွဲမြောက်အဖြစ် ပါဝင်ကစားပေးခဲ့ပြီး ကစားသမားဘ၀မှ အနားယူခဲ့သူ ဖြစ်သည်။

ယခုတော့တီရရှိခဲ့သော ဆုမျိုးကို ယခင်က မာလ်ဒီနီ၊ ဘက်ကင်ဘောင်ဝါ၊ ဂျိုဟန်ခရိုက်၊ ဘော်ဘီချာလ်တန်၊ အူဆီဘီယိုတို့လည်း ရရှိခဲ့ကြဘူးသည်။

ဥက္ကဋ္ဌ ဆီရီဖင်က မိမိလက်ထက်တွင် ထိုဆုကို ပထမဆုံးချီးမြှင့်ပေးအပ်ခြင်းဖြစ်ကြောင်း  တော့တီ၏ သူမတူအောင် စွမ်းဆောင်နိုင်မှု၊ ချီးကျူးရလောက်သော ပရော်ဖက်ရှင်နယ်ဆန်မှု၊ တစ်ဦးချင်း ပုဂ္ဂိုလ်ရေးဆိုင်ရာ စံပြဖြစ်စေမှုတို့ကြောင့် ယခုဆုကို ချီးမြှင့်ရခြင်းဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

ရောမမြို့တော်တွင် မွေးဖွားခဲ့သော တော့တီမှာ လူငယ်ဘ၀က လူဒီကာ၊ ထရာစ်တီဗရီအသင်းများတွင် ၁၉၈၃ မှ ၁၉၈၆ အထိ နေခဲ့ပြီး ၁၉၈၉ မှ ၁၉၉၂ အထိ ရိုးမား လူငယ်အသင်းတွင် ပါဝင်ခဲ့ကာ အသင်းကြီး အသင်းသားအဖြစ် ၁၉၉၂ မှ ၂၀၁၇ အထိ ပါဝင်ကစားခဲ့သူ ဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here